menu-iconlogo
huatong
huatong
avatar

တက္ကသိုလ်ကျောင်းကငွေလမင်း

ချိုပြုံးhuatong
stinetthahuatong
Lời Bài Hát
Bản Ghi
ရေလှိုင်းခတ်သံ သစ်ရွက်ကြွေသံ

ကျေးငှက်မြည်သံ

ကြားပြန်တော့လည်း မောင့်ကိုပဲ

သတိရနေ

ချိုစကားသံနွဲ့ ဆိုဖွဲ့လေသူ

ဘ၀ပေး၍ ချစ်ရလေသောသူ

အသည်းပေး၍ ချစ်ရလေသောသူ

သက်လုံးပုံ၍ ချစ်ရလေသောသူ

ဘယ်မူနွဲ့ကစား၍

တိမ်းရှောင်မှုတွေကဲ

ဘယ်သူလှည့်ဖြား၍

စိမ်းယောင်ပြုနေသလဲ

စိုးတထိတ်ထိတ် မဝေခွဲနိုင်ပေ

ကံ့ကော်ပွင့်ရာ ငုဝါပွင့်ရာ

စိန်ပန်းပွင့်ရာ

တက္ကသိုလ်ကျောင်းတော်မှာလေ

ဗျာပွေလှိုက်လှဲ မေတစ်ယောက်တည်း

မပျော်နိုင်ပေ

ရေလှိုင်းခတ်သံ သစ်ရွက်ကြွေသံ

ကျေးငှက်မြည်သံ

ကြားပြန်တော့လည်း မောင့်ကိုပဲ

သတိရနေ

ချိုစကားသံနွဲ့ ဆိုဖွဲ့လေသူ

ဘ၀ပေး၍ ချစ်ရလေသောသူ

အသည်းပေး၍ ချစ်ရလေသောသူ

သက်လုံးပုံ၍ ချစ်ရလေသောသူ

ဘယ်မူနွဲ့ကစား၍

တိမ်းရှောင်မှုတွေကဲ

ဘယ်သူလှည့်ဖြား၍

စိမ်းယောင်ပြုနေသလဲ

စိုးတထိတ်ထိတ် မဝေခွဲနိုင်ပေ

ကံ့ကော်ပွင့်ရာ ငုဝါပွင့်ရာ

စိန်ပန်းပွင့်ရာ

တက္ကသိုလ်ကျောင်းတော်မှာလေ

ဗျာပွေလှိုက်လှဲ မေတစ်ယောက်တည်း

မပျော်နိုင်ပေ

တစ်ယောက်နဲ့တစ်ယောက်

တစ်မြို့ဆီ တစ်နယ်ဆီ

နေကြသော်လည်းလေ

အလှရွှန်းစိုသာမောရာ

မြကျွန်းညိုကဗျာတောမှာ

ခဏကွန်းခို လာသောခါ

တစ်ဦးနဲ့တစ်ဦး မိတ်ဆွေအပေါင်းအသင်း

ဖြစ်သွားကြတာတွေ

စိတ်အနေပြောင်းရင်း

ချစ်သွားကြတာတွေ

ဒါတွေတကယ်တော့မဆန်းပေ

ဒီလိုအဖြစ်မျိုးထဲမှာ

ချစ်ကျိုးနည်းရမှာလားလေ

တက္ကသိုလ်ကျောင်းက

ငွေလမင်းရေ

ဘယ်ကမ္ဘာသွားကာ

ဘယ်မှာများသာနေသလဲလေ

အချိန်တန်သူမရောက်ရင်တော့

အပူနှောက်ရပြီ ရှင်ရေ

ကောင်းကင်ကငွေလမင်းပမာ

နေ့ဘက်မှာပုန်းသလိုများ

မေ့ကွက်ရှာမုန်းလေပြီလားလေ

Nhiều Hơn Từ ချိုပြုံး

Xem tất cảlogo