ရွှေမျက်ရည်
ချိုပြုံး
0း 23
ရွှန်းလဲလဲ ချိုမျက်ဝန်းမှာလေ
ညွှန်းဖွဲ့နွဲ့ ဆိုခက်ညွှန်းစရာ အခြေ
နွေရွက်ကြွေကလေးတွေလိုပဲ
ရွှေမျက်ရည်
ရွှေမျက်ရည်ကလေးတွေကြွေ
အို....
နေညိုပြီလေ...
နွမ်း အသည်းရဲ့ ချစ်စံအိမ်
မှိန်မှောင်ရီဝေ
ညှိုရာ့ရော့ မှိုင်း ညို့နေ
ရောင်စဉ်တွေပျက်သုန်း
နိဂုန်းမညီမျှတဲ့
ညရဲ့ကမ္ဘာမြေ
ကြည်ပြုံးရီရတဲ့
ဘဝရဲ့ကဗျာတွေ
ပျော်ရွှင်သာယာခြင်း
ခင်မင်ကြင်နာခြင်း
မုန်းခြင်းနဲ့ ချစ်ခြင်းတွေ
လင်းတဝက် အမှောင်ထဲမှာ
စည်းခြားလို့ ဝေးသွားကြပြီလေ
နွေနေ့လည်ခင်း
မွန်းတည့်ချိန်မှာ
အလိုတူမက်ခဲ့သော
အိပ်မက်ကလေးတွေကို
ထာဝရလို့ ယုံကြည်ကိုး
ဆိုးမိုက်ရစ်ခဲ့တဲ့
ကိုယ့်အပြစ်ကိုပဲလေ
လှည့်စားလို့ စိတ်ကိုဖြေ
မသိမှားတာတွေ
ရှိပါစေတော့
သီးပွင့်မယ့် အသိတရားတွေဝေ
ရှိုက်မငိုပဲ ကြွေတဲ့မျက်ရည်
ရွှေမျက်ရည် ...
ရွှေမျက်ရည်...
Music
ပြုသမျှမရတဲ့အခြေမှာ
ရသမျှပြုရမှာပဲ
ကံကိုသာယုံ ပုံကာကိုး
ကောင်းရင်လဲစံလိုက်ရုံပဲ
ဟယ်.. အလိုက်အထိုက်ပေါ့လေ
ဆိုးမိုက်မိုက် ကိုယ်ထိုက်နှင့်ကို
အမှောင်ကိုရုန်းထွက်နိုင်မှ
နေ့အသစ်ရဲ့ အရုဏ်ဦးကို
ဖူးမျှော်ခွင့် ကြုံမယ်လေ
ဖြစ်ချင်ရာဖြစ်ပါစေ
ဖြစ်ချင်ရာဖြစ်ပါစေ
တင်းခဲလို့ အရောက်လှမ်းခဲ့မယ်
ဝမ်းမြောက်စွာကြိုလှည့်ပါတော့
မနက်ခင်းကလေးရယ်
မင်္ဂလာပါကွယ်
ရင်နှစ်မွှာ ချစ်အသည်းထဲက
ကြည်ဖြူစွာပေးအပ်မယ့်
ချစ်လက်ဆောင်တွေ
နှစ်သက်စွာယူပါလေ
အချစ်ဆုံးအတွက်
ရွှေမျက်ရည်...
ရွှေမျက်ရည်...
By AyeKyaw greentiger