အနှိုင်းမဲ့
တို့ရေဆာစဉ် ရေချိုတွေ
ယူလာပေးသူ
အဆင်ပြေချိန်
ရှန်ပိန်လေးတစ်ခွက်ထက်ပို
တန်ဖိုးထားပါတယ်
ဖယောင်းတိုင်ငယ်ကို
မှောင်ချိန်မှာ ယူလာပေးသူ
ရောင်စုံညအလင်းတွေထက်
ပိုမြတ်နိုးမိပါတယ်
ပိုနေချိန်ကြ မင်းဘေးဖယ်
ကိုယ်လိုရင် အစဉ်အမြဲရှိခဲ့
မင်းရဲ့ပေးဆပ်နိုင်စွမ်းကတော့
ဘယ်သူနဲ့မှမတူတယ်
ကိုယ့်အတွက်မင်းလေးဟာ အနှိုင်းမဲ့
အစားထိုးဖို့ ထပ်တူမရှိခဲ့
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
ကိုယ့်အတွက်မင်းအချစ်ဟာ အနှိုင်းမဲ့
လောကထဲ ထပ်တူမရှိခဲ့
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
တို့အဆင်ပြေစဉ် တမင်တကာ
ရှောင်ဖယ်ပြေးသူ
ကိုယ်အဆင်မပြေတဲ့ အခိုက်မှ
သူအနားရောက်လာမယ်
မင်းစေတနာတွေ အကြင်နာတွေ
ကိုယ်သိနားလည်
အိုး...ဒါတွေကိုနှိုင်းယှဉ်စရာ
မရှိတော့ပြီကွယ်
ပိုနေချိန်ကြ မင်းဘေးဖယ်
ကိုယ်လိုရင် အစဉ်အမြဲရှိခဲ့
မင်းရဲ့ပေးဆပ်နိုင်စွမ်းကတော့
ဘယ်သူနဲ့မှမတူတယ်
ကိုယ့်အတွက်မင်းလေးဟာ အနှိုင်းမဲ့
အစားထိုးဖို့ ထပ်တူမရှိခဲ့
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
ကိုယ့်အတွက်မင်းအချစ်ဟာ အနှိုင်းမဲ့
လောကထဲ ထပ်တူမရှိခဲ့
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
ပိုနေချိန်ကြ မင်းဘေးဖယ်
ကိုယ်လိုရင် အစဉ်အမြဲရှိခဲ့
မင်းရဲ့ပေးဆပ်နိုင်စွမ်းကတော့
ဘယ်သူနဲ့မှမတူတယ်
ကိုယ့်အတွက်မင်းလေးဟာ အနှိုင်းမဲ့
အစားထိုးဖို့ ထပ်တူမရှိခဲ့
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
ကိုယ့်အတွက်မင်းအချစ်ဟာ အနှိုင်းမဲ့
လောကထဲ ထပ်တူမရှိခဲ့
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
ကိုယ့်အတွက်မင်းလေးဟာ အနှိုင်းမဲ့
အစားထိုးဖို့ ထပ်တူမရှိဘူးအချစ်ရေ
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
ကိုယ့်အတွက်မင်းအချစ်ဟာ အနှိုင်းမဲ့
လောကထဲ ထပ်တူမရှိခဲ့
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
ကိုယ့်အတွက်မင်းအချစ်ဟာ အနှိုင်းမဲ့
လောကထဲ ထပ်တူမရှိခဲ့
မင်းနဲ့လဲဖို့ရာ မရှိခဲ့
တစ်ယောက်တည်းချစ်နေမယ်
ကိုယ့်အတွက်မင်းလေးဟာ အနှိုင်းမဲ့
အစားထိုးဖို့ ထပ်တူမရှိခဲ့