menu-iconlogo
huatong
huatong
avatar

တကိုယ်တော်valentine

စိုင်းစိုင်း/ဘန်နီဖြိုးhuatong
👻တစ္ဆေဖြူ👻huatong
Lời Bài Hát
Bản Ghi
တကိုယ်တော်valentine

စိုင်းစိုင်း feat ဘန်နီဖြိုး

အိုးးးးမင်းစိတ်တိုင်းကျပဲပေါ့အချစ်ရေ

ဘာမှမပြောဘူးမင်းသဘောပဲ

မင်းရဲ့အနားမှာ ငါကိုယ်ရံတော်လိုပဲ

အခုတော့မင်းကပြောတယ်မေ့ပစ်လိုက်

ဘာမှမငြင်းဘူးမင်းသဘောအတိုင်း

ငါ့မှာတော့..တစ်ကိုယ်တော်valentine

ကလေးရေ ကလေးရေ

ချစ်တဲ့စိတ်နဲ့ဟစ်အော်နေတုန်း

အချစ်ရဲ့နေ့မှာတစ်ယောက်တည်းအထီးကျန်နေသူ

ငါရူးနေလို့..ငါရူးနေလို့...

ကလေးရေ ကလေးရေ

လွမ်းတဲ့စိတ်နဲ့လိုက်ရှာနေတုန်း

လမ်းမထက်မှာစုံတွဲလေးတွေမြင်ရင်

ကြေကွဲနေလို့ ကြေကွဲနေလို့..

တစ်ခါတစ်ရံမှာအချစ်က ကစားပွဲလို

အနိုင်နဲ့ပိုင်းပြီးတော့ထားခဲ့လို့

အမှန်နဲ့အမှားတွေစဉ်းစား

နင်ပြောတဲ့စကားကငါတစ်ယောက်တည်း

မှားခဲ့သလို

ငါလေမငြင်းဆန်ခဲ့ပါဘူး

ဘာမဆိုမင်းစိတ်တိုင်းသာလုပ်

ချောင်မှာထိုးချင်ထိုးတစ်ခါတလေဖတ်ချင်ဖတ်

မင်းတွက်ငါcartoonစာအုပ်

နောက်ဆုံးနိဂုံးချုပ်တော့လည်း အင်း

နင်လုပ်ရက်တာပဲ

ဓာတ်ပုံတွေ postcardအပိုင်းအစတွေ

လွှင့်ပစ်ခဲ့

အိမ်မှာထမင်းတွေဟင်းတွေချက်

ပြီးတော့အတူတူစားခဲ့တာ

ဖုန်းတွေပြောတစ်ညလုံးပြော

မိုးလင်းတော့ဘုရားကိုသွားခဲ့တာ

တစ်နေကုန်လျှောက်လည်ရင်းကားကပျက်

တကယ့်ကိုအမှတ်တရ

နွေရဲ့ပူလောင်မှုတွေလည်းလုံးဝဂရုမစိုက်ခဲ့

ဒါတွေကအိပ်မက်တစ်ခုလိုပဲလွှင့်ပျောက်ခဲ့

ငါ့တစ်ယောက်တည်း

ကလေးရေ ကလေးရေ

ချစ်တဲ့စိတ်နဲ့ဟစ်အော်နေတုန်း

အချစ်ရဲ့နေ့မှာတစ်ယောက်တည်းအထီးကျန်နေသူ

ငါရူးနေလို့..ငါရူးနေလို့...

ကလေးရေ ကလေးရေ

လွမ်းတဲ့စိတ်နဲ့လိုက်ရှာနေတုန်း

လမ်းမထက်မှာစုံတွဲလေးတွေမြင်ရင်

ကြေကွဲနေလို့ ကြေကွဲနေလို့..

အချစ်နဲ့စား အချစ်နဲ့သွား

ဘ၀ကိုအချစ်နဲ့တည်ဆောက်ထားတာ

မင်းကတကယ်ကိုမမြင်တာလား

ဒါမှမဟုတ်မမြင်ချင်ယောင်ဆောင်နေတာလား

အချစ်ကဘ၀ လောကနိဗ္ဗာန်တစ်ခုလို့

ငါထင်မှတ်ဆဲပါ

ဒဏ္ဏာရီထဲက ပုံပြင်ထဲကအချစ်လို

ငါကြင်နာခဲ့တာ

အလုပ်အကိုင်တွေလည်းပျက်ကွက်

လုပ်ရပ်ကြောင့်

မင်းတစ်ယောက်ထဲငဲ့ကွက်လို့

ငါ့အတ္တတွေလည်းချိုးနှိမ်

မာန်မာနတွေလည်းချိုးဖျက်လို့

ရူးသွပ်စွဲလမ်းခဲ့

ဒီမိုးကုတ်စက်ဝိုင်းအောက်မှာ

မင်းနာမည်တစ်ခုတည်းရေးထိုးခဲ့

ငါ့ရင်ဘက်ထဲကကျောက်စာ

အိပ်ရာကနိုးတဲ့မနက်တိုင်းငါ့ဖုန်းမှာ

အသည်းအသန်ရှာ

မင်းရဲ့numberမတွေ့တော့မှ

သက်ပြင်းတွေချ

ဆုံနေကျစားသောက်ဆိုင်တွေမင်းကမပါလို့

မသွားတော့ပါ

ဒီလိုပဲငါ့ရဲ့ဘဝ

မင်းကစာနာနားလည်ပါအချစ်ရေ

ကလေးရေ ကလေးရေ

ချစ်တဲ့စိတ်နဲ့ဟစ်အော်နေတုန်း

အချစ်ရဲ့နေ့မှာတစ်ယောက်တည်းအထီးကျန်နေသူ

ငါရူးနေလို့..ငါရူးနေလို့...

ကလေးရေ ကလေးရေ

လွမ်းတဲ့စိတ်နဲ့လိုက်ရှာနေတုန်း

လမ်းမထက်မှာစုံတွဲလေးတွေမြင်ရင်

ကြေကွဲနေလို့ ကြေကွဲနေလို့..

Backဂီယာထိုးပြီးအနောက်ပြန်ဆုပ်လို့ရရင်

videoရုပ်ရှင်လိုအစကပြန်ပြီးစချင်တယ်

ဒီလိုသာဘ၀ကိုပြန်ပြီးတော့

အေ၇ှ့ကိုရစ်လို့ရရင်

ပြဿနာဖြစ်တဲ့နေ့တွေညတွေအားလုံးကျော်လွှား

သွားချင်တယ်

မနက်တိုင်းမှာvalentineပေါ့

မင်းတွက်နှင်းဆီပန်းတွေနဲ့

မင်းနှုတ်ခမ်းမှာအနမ်းတွေနဲ့

ဖုန်းထဲမှာလည်းအလွမ်းတွေနဲ့

ဒါပေမယ့်အခုခါ

မဖြစ်ချင်တာတွေဖြစ်နေတယ်

ဘ၀ဆိုတာကအဆန်းတကြယ်

ငါ အပမာဒေနလွမ်းနေတယ်

ကလေးရေ ကလေးရေ

ချစ်တဲ့စိတ်နဲ့ဟစ်အော်နေတုန်း

အချစ်ရဲ့နေ့မှာတစ်ယောက်တည်းအထီးကျန်နေသူ

ငါရူးနေလို့..ငါရူးနေလို့...

ကလေးရေ ကလေးရေ

လွမ်းတဲ့စိတ်နဲ့လိုက်ရှာနေတုန်း

လမ်းမထက်မှာစုံတွဲလေးတွေမြင်ရင်

ကြေကွဲနေလို့ ကြေကွဲနေလို့.....

Thank you...

တစ္ဆေဖြူ

Nhiều Hơn Từ စိုင်းစိုင်း/ဘန်နီဖြိုး

Xem tất cảlogo

Bạn Có Thể Thích