menu-iconlogo
huatong
huatong
Lời Bài Hát
Bản Ghi
နိမိတ် ဆို စိုးလွင်လွင်

အချစ် နဲ့ ကျွန်တော် မေတ္တာမျှနေတုန်းပေါ့

လွယ်အိတ်အနီလေးသူဝယ်ပေးဖူးတယ်

လွယ်အိတ်ကလေးကိုထွေးပွေ့ကာ

ရင်မှာစိတ်ကြည်နူးလိုက်တာ

အကြင်နာရဆုံးမင်းကလေးရဲ့စေတနာ..

အချစ် နဲ့ ကျွန်တော်

စိတ်ကောက်နေကြတုန်း ပေါ့

နှင်းပန်းပွင့်လေးကျွန်တော်ပေးဖူးတယ်..

စိတ်ကောက်ပြေကာသူ့မျက်နှာ

ပြုံးလို့ရီကာ ချစ်လိုက်တာ

အခင်တွယ်ရဆုံးမင်းကလေးမျက်နှာကဗျာ

မခွဲ ဘူးအချစ်ရေ သြော်မခွဲ ဘူးအသက်ရေ

စိန္တေမြတ်ဘုရားဆုပန်ခြွေလို့သာ…

အလွမ်း ပန်းပွင့်တွေ သြော်ပေး ဆပ်ရင်းသာ

အဆင်ပြေကြဆုံးတို့နှစ်ယောက်ချစ်ကမ္ဘာမှာ..

ချိန်း တဲ့ နေ့မှာ ချစ်တဲ့သူဆီသွားဖို့

လွယ်အိတ်အနီကလေးပြတ်သောကြိုးနဲ့သာ..

ရင်မှာစိုးရိမ်ကဲလို့သာ

ချစ်တဲ့သူဆီလှမ်းခဲ့ရာ

အကြင်နာရဆုံးမင်းကလေးရောက်မလာပါ..

ရင်ခွင်ထဲမှာငို ပန်တွေရှိနေတုန်း ပေါ့

မြေပြင်ထက်ကိုလွှတ်ချမိပြီကွာ…

မြေပြင်ထက်မှာပန်းမွေ့ရာ

နှင်းပန်းပွင့်တွေကျဲပြန့်ကာ

မယုံနိုင်ရဆုံးမင်းပေးတဲ့ဝေဒနာ..

နှလုံး သားထဲမှာ.. မင်း ကလေးတစ်ယောက်သာ

နေရာယူခွင့်ရှိနေတယ်အခိုက်မှာ..

အဝေး ဆုံးတစ်ဖက်ကို ပြေး ထွက်လို့ခွါ

ပြန်မဆုံနိုင်တော့

တို့နှစ်ယောက်တစ်ယောက်တစ်နေရာ

ပြန်မဆုံနိုင်တော့

တို့နှစ်ယောက်တစ်ယောက်တစ်နေရာ

ပြန်မဆုံနိုင်တော့

တို့နှစ်ယောက်တစ်ယောက်တစ်နေရာ..

Nhiều Hơn Từ စိုးလွင်လွင်/စိုးလွင်လွင်

Xem tất cảlogo

Bạn Có Thể Thích