ဗျူဟာအသွယ်သွယ်
ရင်ခုန်ဖွယ်
ကြင်နာသူ ရှောင်တခင်
စစ်ဆင်တယ်
ရေဒီယို တီဗီမှာ မကြေငြာတယ်
ကိုယ်ရယ်သူရယ် အချစ်စစ်ပွဲ
ငါးစင်းမြားတွေလို
ဒီအာရုံတွေ မရှောင်နိုင်ဘူး
လုံးဝ ရှုံးမှာပဲ
ကြင်နာသူ အနိုင်ယူနေတယ်
အချစ်စစ်ပွဲ
တုန်ခါနေပြီ ဒီရင်ထဲ
ဝေဒနာတွေကို မင်းဖောက်ခွဲ
တော်လှန်ယှဉ်ပြိုင်ရန်
အခြေအနေမရှိ
မလွန်ဆန်နိုင်အောင်
ချစ်ကာနေမိ
အသည်းခွဲ လက်နက်များ
သူသာပိုင်ဆိုင် ချိန်ရွယ်ထား
အရမ်းလည်း မလုပ်ပါနဲ့
ဒီလိုဆို ကိုယ်သေနိုင်တယ်
အချစ်စစ်ပွဲ
ဒီကမ္ဘာပေါ်မှာ
ကြင်နာသူရဲ့ အမုန်း
ဇီဝိန်ခြွေ
အန္တရယ် အပေးနိုင်ဆုံး
ရင်ခွင်မြေမှာ အလံဖြူစိုက်
အရှင်သခင် သူဝင်သိမ်းယူလိုက်
စိန်ခေါ်အနိုင်ယူကာ
သူကအပြုံး
တုန်ရင်စွာ ကိုယ်ကြောက်နေတုန်း
အသည်းခွဲ လက်နက်များ
သူသာပိုင်ဆိုင် ချိန်ရွယ်ထား
အရမ်းလည်း မလုပ်ပါနဲ့
ဒီလိုဆို ကိုယ်သေနိုင်တယ်
အချစ်စစ်ပွဲ
ကြင်နာသူ အနိုင်ယူနေတယ်
အချစ်စစ်ပွဲ
solo
ငါးစင်းမြားတွေလို
ဒီအာရုံတွေ မရှောင်နိုင်ဘူး
လုံးဝ ရှုံးမှာပဲ
ကြင်နာသူ အနိုင်ယူနေတယ်
အချစ်စစ်ပွဲ
အသည်းခွဲ လက်နက်များ
သူသာပိုင်ဆိုင် ချိန်ရွယ်ထား
အရမ်းလည်း မလုပ်ပါနဲ့
ဒီလိုဆို ကိုယ်သေနိုင်တယ်
အချစ်စစ်ပွဲ
ကြင်နာသူ အနိုင်ယူနေတယ်
အချစ်စစ်ပွဲ
ဒီလိုဆို ကိုယ်သေနိုင်တယ်
အချစ်စစ်ပွဲ
ကြင်နာသူ အနိုင်ယူနေတယ်
အချစ်စစ်ပွဲ
Thanks