menu-iconlogo
huatong
huatong
avatar

အချစ်စစ်(Female Key)

စံပီးhuatong
𝓐𝓝_𝐂𝓱𝓪𝓷✰✰✰huatong
Lời Bài Hát
Bản Ghi
“ အချစ်စစ် ”(Female Key)

ရေး/ဆို~Sangpi

Uploader~ANChan

အချစ် လူတွေပြောပြောနေတဲ့အချစ်

ဘယ်သူမဆို မကင်းလွတ်နိုင်တဲ့အဖြစ်

အမှားအမှန် မမြင်နိုင်တဲ့အချစ်

ခဏ လူတွေအချစ်က ခဏလေးအတွင်းမှာ

အရောင်တွေပြောင်းလဲနိုင်တဲ့ အချစ်ပါ

မပြောင်းနိုင်သော အချစ်များနဲ့

ပြန်ဆုံချင်သေးလို့

ရှာနေလည်း အဝေးဆုံးပြေး

ဘယ်မှာ အချစ်စစ်တွေ့နိုင်မလဲ

ငါရရှိဖူးခဲ့တာလည်း

အကုန်လုံး အတုများပါပဲကွယ်

မျှော်နေဆဲ ဒို့ဘ၀ရဲ့

ကန္တာရအတွက် စမ်းရေလေး

ဘ၀မောပန်းတဲ့ ခရီးရှည်ထဲ

ဆုံတွေ့နိုင်ခွင့် မျှော်လင့်တယ်

အချစ်စစ်တွေနဲ့ ...

အပြစ် တစ်ခါတစ်ရံ အချစ်က

အပြစ်များဖြစ်ကာ

လူတွေအမုန်းနဲ့ ဇာတ်သိမ်းကြတာ

အနားမှာ မြင်နေရင်းနဲ့

အခု ငါရှာတွေ့တဲ့ချစ်ခြင်းပဲ

ယုံကြည်ကိုးစား နေခဲ့မိပြီ

သခင့်ချစ်ခြင်း တွေကတော့

ဘယ်ခါမပြောင်းလဲ

ရှာနေလည်း အဝေးဆုံးပြေး

ဘယ်မှာ အချစ်စစ်တွေ့နိုင်မလဲ

ငါရရှိ ဖူးခဲ့တာလည်း

အကုန်လုံး အတုများပါပဲကွယ်

မျှော်နေဆဲ ဒို့ဘ၀ရဲ့

ကန္တာရအတွက် စမ်းရေလေး

ဘ၀မောပန်းတဲ့ ခရီးရှည်ထဲ

ဆုံတွေ့နိုင်ခွင့်မျှော်လင့်တယ်

အချစ်စစ်တွေနဲ့ ...

~~~SOLO~~~

လောကကြီးရဲ့ ဘယ်မှာများ

အချစ်စစ်တွေ့နိုင်မလဲ

သောကများနဲ့ ရှာနေတုန်း တွေ့ခဲ့

အသက်ပေးတဲ့ အချစ်ရယ်

ရှာနေလည်း အဝေးဆုံးပြေး

ဘယ်မှာ အချစ်စစ်တွေ့နိုင်မလဲ

ငါရရှိဖူး ခဲ့တာလည်း

အကုန်လုံး အတုများပါပဲကွယ်

မျှော်နေဆဲ ဒို့ဘ၀ရဲ့

ကန္တာရအတွက် စမ်းရေလေး

ဘ၀မောပန်းတဲ့ ခရီးရှည်ထဲ

ဆုံတွေ့နိုင်ခွင့်မျှော်လင့်တယ်

အချစ်စစ်တွေနဲ့

ဆုံတွေ့နိုင်ခွင့်တွေရခဲ့

သခင့်အချစ်စစ်တွေနဲ့ ...

🙏🙏🙏🙏🙏

🎤Thank You🎤

Nhiều Hơn Từ စံပီး

Xem tất cảlogo