menu-iconlogo
huatong
huatong
avatar

ချစ်အားငယ်ရသူမယ်

စန္ဒရားချစ်ဆွေhuatong
mtndew4mehuatong
Lời Bài Hát
Bản Ghi
ချစ်အားငယ်ရသူမယ်

ရေး ဆို

စန္ဒရားချစ်ဆွေ

သူ့မျက်နှာ ကျွန်တော်အသည်စွဲနေတယ်

သူသာ ကျွန်တော်ဘဝ

သူသာကျွန်တော်ရဲ့ကမ္ဘာ

တာဝန်မဲ့တစ်ယောက်လို

ဖြစ်နေသောကျွန်တော်ရယ်

အချိန်တိုင်းမှာသူသာဖြစ်နေတဲ့အထိ

အစဉ်ပဲရင်ထဲငြိတွယ်…

သူနဲ့တွေ့လေတိုင်း

ဘာကြောင့်များ စိတ်အား…ငယ်

အလိုလို ဝမ်းနည်းလာတယ်ကွယ်

တွေ့ကြတော့လည်း အနား…တွင် စကား…ပင်

ပြော…ဖို့ရယ် အင်အားမရှိတယ်ကွယ်

အသည်းလှိုက်လှိုက်စုံ ခိုက်ခိုက်တုန်

ရင်ခုန်လှတယ်ကွယ်

သူ့မျက်နှာ ကျွန်တော်အသည်စွဲနေတယ်

သူသာ ကျွန်တော်ဘဝ

သူသာကျွန်တော်ရဲ့ကမ္ဘာ

တာဝန်မဲ့တစ်ယောက်လို

ဖြစ်နေသောကျွန်တော်ရယ်

အချိန်တိုင်းမှာသူသာဖြစ်နေတဲ့အထိ

အစဉ်ပဲရင်ထဲငြိတွယ်…

သူနဲ့တွေ့လေတိုင်း

ဘာကြောင့်များ စိတ်အား…ငယ်

အလိုလို ဝမ်းနည်းလာတယ်ကွယ်

တွေ့ကြတော့လည်း အနား…တွင် စကား…ပင်

ပြော…ဖို့ရယ် အင်အားမရှိတယ်ကွယ်

အသည်းလှိုက်လှိုက်စုံ ခိုက်ခိုက်တုန်

ရင်ခုန်လှတယ်ကွယ်

နှစ်ယောက်သားမှာကွယ် သိနားလည်ရက်ပါရဲ့

ဟန်ဆောင်နေကြရတဲ့ အဖြစ်အနစ်ရယ်

တကယ်တော့ပင်ပန်းလှပါတယ်ကွယ်

ဒါဟာလည်း

တစ်ဦးကိုတစ်ဦး…ကရယ် ကြည်ကြည်နူးနူးး

ပန်းလိုလှစေချင်…တဲ့ ဆန္ဒနဲ့ကွယ် ယုယညှာ…တာ

အစစထောက်ထား မဖောက်ပြားနေလာခဲ့တယ်

စိတ်ချင်းသဘောချင်း ဝါသနာခြင်းတူတဲ့ ဘဝဝယ်

အတူသွား အတူစား နေလာ…ခိုက်ဝယ် မပြယ်သော

မေတ္တာများနဲ့ကွယ်… ချစ်စကားမကျတကျ

အလှအပတွေလည်း ပြောမိ…ခဲ့တယ်

ဒီလိုအချိန်တိုင်းမယ် နှစ်ယောက်သား

မျက်လုံးတွေထဲ…ဝယ် သာယာ ကြည်နူးခြင်းနဲ့

အချစ်ဗိမ္မာန်နန်း…ကို အတူလိုလို

မြင်ကြရတယ်ကွယ်

အို…ဒါပေမယ့်ချစ်ကြမ္မာကံရယ်

ချစ်ဗိမ္မာန်နန်း…ကိုပျံသန်း…ရင်းကွယ်

အတောင်ကျိုးခဲ့ရတဲ့

ငှက်ငယ်သဖွယ် မဖြစ်ရပါစေနဲ့လို့

ဆုတောင်း…ရင်းကွယ် ချစ်အားငယ်ရသူမယ်

ချစ်အား… ငယ်ရသူ…မယ်

အို…ဒါပေမယ့်ချစ်ကြမ္မာကံရယ်

ချစ်ဗိမ္မာန်နန်း…ကိုပျံသန်း…ရင်းကွယ်

အတောင်ကျိုးခဲ့ရတဲ့

ငှက်ငယ်သဖွယ် မဖြစ်ရပါစေနဲ့လို့

ဆုတောင်း…ရင်းကွယ် ချစ်အားငယ်ရသူမယ်

ချစ်အား… ငယ်ရသူ…မယ်

ကျေးဇူးတင်ပါတယ်

Nhiều Hơn Từ စန္ဒရားချစ်ဆွေ

Xem tất cảlogo