menu-iconlogo
huatong
huatong
Lời Bài Hát
Bản Ghi
အမြဲတမ်းယုံကြည်တယ်

ရေး / ဆို - စိုင်းစိုင်းခမ်းလှိုင် ft. သီရိဆွေ

Intro : ~~~~~

Girl: ရင်မှာတွေဝေလာအောင်လေ

လူတွေလာလာပြောတယ်

အရာရာအဆင်ပြေနေပြီဆိုရင်

မနာလိုသူတွေ ပေါတယ်

ငါတို့နှစ်ယောက်ရဲ့ အကြောင်းကို

ငါတို့ ပဲသိပါတယ် ရေး…

လျှာရှည်အာချောင်တာတွေ

ဒီမှာအံမဝင်ဘူး

တကယ်အမှန်မထင်ဘူး

ဒါတွေကိုမခံချင်ဘူး

ငါတို့ နှစ်ယောက်ရဲ့အချစ်ကို

ငါတို့ ပဲနားလည်တယ်

ဘာမှလည်း လာပြီမပြောနဲ့ ...

Boy: အမှတ်တရ အဖြစ်အပျက်တွေ

ငါတို့ ကြားမှာ အများကြီးပဲ

ဘေးပြောတဲ့ ကြားစကားတွေ

နားထောင်နေရင် နားငြီးမယ်

မင်းသိတဲ့ ငါ့အကြောင်းထက်

ဘယ်သူမှတော့ ပိုမသိနိုင်

ငါသိတဲ့ မင်းအကြောင်း

အမြဲတမ်းသတင်းကောင်းပဲ

မင်းနားကိုသွားသွားလို့

မဟုတ်တရုပ်တွေ အတင်းလုပ်ရင်

မင်းပြုံးနေလိုက်ပါ

ငါပျင်းလို့ မရှင်းထုတ်ချင်

လိုအပ်တဲ့အချိန်တိုင်းပေါ့

အမြဲအသင့်ပါချစ်သူ

ငါရပ်တန့်လို့ မရလို့

မင်းရပ်လို့တော့ မဖြစ်ဘူး...

Girl: နင်လေလိုချင်တယ်ဆိုရင်

အကုန်ယူသွား မင်းအတွက်

ငြိုငြင်တယ် ဆိုတာတွေ ဒီမှာမရှိ

ဆိုချင်တယ် အချစ်သီချင်းလေး တစ်ပုဒ်ပေါ့

မင်းလေးနားဆင်ကြည့် ...

Girl: မင်းကိုငါလေ

လုံးဝအထင်မသေးဘူး

အမြဲတမ်းယုံကြည်တယ်

တို့နှစ်ယောက်ထပ်မဝေးဘူး

ဘယ်သူတွေ ဘယ်လို နှောင့်ယှက်ကြပါစေ

ဆက်လို့ ချစ်နေမယ် .. ဟေး ...

Boy: မင်းကိုငါလေ

လုံးဝအထင်မသေးဘူး

အမြဲတမ်းယုံကြည်တယ်

တို့နှစ်ယောက်ထပ်မဝေးဘူး

ဘယ်သူတွေ ဘယ်လို နှောင့်ယှက်ကြပါစေ

ဆက်လို့ ချစ်နေမယ် .. ဟေး ...

Boy: ရေး .. စိတ်ကိုလျှော့ထား အချစ်ရေ

လူတွေဆိုတာ ဒီလိုပဲ

ခေါင်းကိုမော့ထား အချစ်ရေ

ငါ့ရင်ထဲမှာက တစ်နေ့ထက်တစ်နေ့ 

မင်းကိုချစ်သထက်ချစ်

ထောင့်ငါးရာ Plus ငါးရာနှစ်ဆယ့်ရှစ်

မောင်နှမတွေ အားလုံးထက်

ပိုပြီးနီးစပ်လို့သွား

ဖေဖေမေမေထက် ပိုပြီးမင်းက ချစ်ပြမလား

ဒါမှမဟုတ် ပစ်ချမလား

အဖြေကို အသစ်ကပြန်စပြီး

ပြောစမ်းပါ

တစ်နေကုန် လျှောက်လည်ရင်းနဲ့

မောပန်းလာ

လာပါအချစ်ရယ်

အနားယူမယ် ရေကူးမယ်

ရုပ်ရှင်ကြည့်မယ်

မုန့်ဝယ်စားမယ် ကြည်နူးဖွယ်

ပေါင်းရဖို့ ရည်စူးရွယ်ကာ

ဘုရားကိုတက်

ကန်ဘောင်မှာ အတူတူထိုင်ကာ

တအားကိုဖက် ...

Girl: နင်လေလိုချင်တယ်ဆိုရင်

အကုန်ယူသွား မင်းအတွက်

ငြိုငြင်တယ် ဆိုတာတွေ ဒီမှာမရှိ

ဆိုချင်တယ် အချစ်သီချင်းလေး တစ်ပုဒ်ပေါ့

မင်းလေးနားဆင်ကြည့် ...

Girl: မင်းကိုငါလေ

လုံးဝအထင်မသေးဘူး

အမြဲတမ်းယုံကြည်တယ်

တို့နှစ်ယောက်ထပ်မဝေးဘူး

ဘယ်သူတွေ ဘယ်လို နှောင့်ယှက်ကြပါစေ

ဆက်လို့ ချစ်နေမယ် .. ဟေး ...

Boy: မင်းကိုငါလေ

လုံးဝအထင်မသေးဘူး

အမြဲတမ်းယုံကြည်တယ်

တို့နှစ်ယောက်ထပ်မဝေးဘူး

ဘယ်သူတွေ ဘယ်လို နှောင့်ယှက်ကြပါစေ

ဆက်လို့ ချစ်နေမယ် .. ဟေး ...

Girl: အခြေအနေတွေက ငါတို့ ရဲ့ဘဝမှာ

နေရာဒေသ ငါတို့ ရဲ့ကြားမှာ

ဝေးသွားပါစေ

ခြားသွားပါစေ

ဘယ်လိုမှ မပြောင်းဘူး

မပြောင်းနိုင်ဘူး ...

Boy:အရမ်းအကောင်းစား

လုပ်ဇာတ်တွေနဲ့ အမေ့ကိုပြောတယ်

ဟိုး အတိတ်က ကိစ္စတွေလည်း

အလှူလိုဖွကြတယ်

အား..လူကိုများမသိရင်

အရိုင်းအစိုင်းတစ်ကောင်လို

ရစရာကိုမရှိအောင်ကို

ဝိုင်းဝိုင်းပြီးထောင်လို့ ...

Girl: အပေါ်ယံ ခင်မင်သူတွေ ကိုလေ

ငါအကုန်ကြောက်တယ်

အရာရာ အဆင်ပြေနေပြီဆိုရင်

အာရုံနောက်တယ်

ငါတို့နှစ်ယောက်ရဲ့ အချစ်ဟာ

ငါတို့ပဲ သက်ဆိုင်တယ် ရေး..

B+G: နင်လေလိုချင်တယ်ဆိုရင်

အကုန်ယူသွား မင်းအတွက်

ငြိုငြင်တယ် ဆိုတာတွေ ဒီမှာမရှိ

ဆိုချင်တယ် အချစ်သီချင်းလေး တစ်ပုဒ်ပေါ့

မင်းလေးနားဆင်ကြည့် ... အိုး ...

Girl: မင်းကိုငါလေ

လုံးဝအထင်မသေးဘူး

အမြဲတမ်းယုံကြည်တယ်

တို့နှစ်ယောက်ထပ်မဝေးဘူး

ဘယ်သူတွေ ဘယ်လို နှောင့်ယှက်ကြပါစေ

ဆက်လို့ ချစ်နေမယ် .. ဟေး ...

Boy: မင်းကိုငါလေ

လုံးဝအထင်မသေးဘူး

အမြဲတမ်းယုံကြည်တယ်

တို့နှစ်ယောက်ထပ်မဝေးဘူး

ဘယ်သူတွေ ဘယ်လို နှောင့်ယှက်ကြပါစေ

ဆက်လို့ ချစ်နေမယ် .. ဟေး ...

B+G: မင်းကိုငါလေ

လုံးဝအထင်မသေးဘူး

အမြဲတမ်းယုံကြည်တယ်

တို့နှစ်ယောက်ထပ်မဝေးဘူး

ဘယ်သူတွေ ဘယ်လို နှောင့်ယှက်ကြပါစေ

ဆက်လို့ ချစ်နေမယ် .. ဟေး ...

End:

Thanks for your singing!

Be a shining star!

Nhiều Hơn Từ ဆိုတေး/စိုင်းစိုင်းခမ်းလှိုင်/သီရိဆွေ

Xem tất cảlogo