menu-iconlogo
huatong
huatong
Lời Bài Hát
Bản Ghi
သခင်

တေးဆို ဆုန်သင်းပါရ်

သီချင်းတွေထဲမှာ မင်းအမြဲရှိနေတယ်

ကိုယ့်ရဲ့အတွေးတွေ မင်းပဲ ဖြစ်နေရမယ်

ခံစားချက်တိုင်းကို ဖန်ဆင်း ပေးတဲ့သူ

ဘ၀တစ်ခုလုံးဟာ မင်းကြောင့် လှနေတော့မယ်

ကိုယ့်ခြေလှမ်းတွေ မင်းအမြဲလိုက်နေတယ်

ကိုယ့်မျက်လုံးမှာ မင်းရဲ့ အကြည့်တွေပဲ

နေ့တွေညတွေ အကုန်သိမ်းပိုက်တဲ့သူ

ဘ၀တစ်ခုလုံးမှာ မင်းက ကိုယ့်သခင်ဖြစ်မယ်

စေလိုရာ စေလိုက်တော့ သခင်

သခင် လိုရာ အဆင်သင့်ဖြစ်မယ်

အရာရာကို ပိုင်စိုးတဲ့သခင်

ဆိုနေတဲ့သီချင်းများ ရှင်သန်ရခြင်းဘဝ

ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့ သခင်

အတွေးရှိတိုင်းမှာ မင်းအတွက် ဖြစ်လာမယ်

အသက်ရှင်ခြင်းမှာ မင်းက အရေးပါလွန်းတယ်

မျှော်လင့်ချက်တိုင်းကို ဖြည့်ဆည်း

ပေးမယ့်သူ

ဘ၀ဆက်တိုင်းမှာ မင်းပဲရှိနေတော့ကွယ်

စေလိုရာ စေလိုက်တော့ သခင်

သခင်လိုရာ အဆင်သင့်ဖြစ်မယ်

အရာရာကို ပိုင်စိုးတဲ့သခင်

ဆိုနေတဲ့သီချင်းများ ရှင်သန်ရခြင်းဘဝ

ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့သခင်

အိုး စေလိုရာ စေလိုက်တော့ သခင်

သခင်လိုရာ အဆင်သင့်ဖြစ်မယ်

အရာရာကို ပိုင်စိုးတဲ့သခင်

ဆိုနေတယ်သီချင်းများ ရှင်သန်ရခြင်းဘဝ

ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့ သခင်

ဟင်း...ကိုယ့်ရဲသခင်ပဲ

ဘ၀ရဲ့သခင်ပဲ...

Nhiều Hơn Từ ဆုန်သင်းပါရ်

Xem tất cảlogo