menu-iconlogo
huatong
huatong
avatar

နှင်းဆီမ လေးချစ်​ပုံပြင်

တက္ကသိုလ်u200bလဲ့လဲ့huatong
1007kyawthulinhuatong
Lời Bài Hát
Bản Ghi
နှင်းဆီမလေးချစ်ပုံပြင်

ရေး-စန္ဒရားကွန်းဇော်

ဆို-တက္ကသိုလ်လဲ့လဲ့

Kyaw Thu Lin

ဘယ်အတွက်ရယ်များ ဆူးတွေခြံရံထား

မလေးစပါယ်အား ပြောပါလား

မမနှင်းဆီပန်းရယ် မေးပါရစေလား

လောကရဲ့အချစ်ဝဲ သံသရာ

အလှအပစုဝေးရာ ချစ်စွာသောကမ္ဘာ

ဘာရယ်ကြောင့်များ သဘောထားအမှန်တရား

အညှာတွယ်မထောက်ထား ပြောစမ်းပါလား

ပွင့်နီဝါအရောင်ဖွေး ရမက်သွေးဖိုစရာ

လှလိုက်တာ လှလိုက်တာ သို့သော်ငြား

ဆူးခက်တွေ မနီးမဝေး ထွေးပိုက်လို့ထား

မမနှင်းဆီနီလေးအကျည်းတန်သွား

ဘယ်အတွက်ရယ်များ ဆူးတွေခြံရံထား

မလေးစပါယ်အား ပြောပါလား

မမနှင်းဆီပန်းရယ် မေးလိုက်သောအခါ

ညီမငယ်ထွေးစပါယ်လေး နုနုထွေးရယ်

အလှလေးကြွယ်သော ချစ်စရာ့ကမ္ဘာလေးမှာ

အကျည်းတန်သော သဘောတွေမြင်လိမ့်မယ်

ဘ၀င်သိမ့်သိမ့် ရင်ငြိမ့်ငြိမ့်

စိမ့်လေသော စမ်းရေလေးစီးသည့်နှယ်

သာတဲ့အခါ သာလိမ့်မယ်

ခြောက်သွေ့သော နွေလမ်းကိုလည်း

လျှောက်ရလိမ့်မယ် အချစ်ရဲ့သည်သဘော

ဖြောင့်တန်းကွေ့ကောက် သွေ့ခြောက်စိုပြည်

ငိုမပြေ ရယ်မပျက် ဆန့်ကျင်ဘက်သည်သဘော

တွေ့ရလိမ့်ဦးမယ်

နှင်းဆီအနီအနက် ဆူးခက်ဝေဆာ

အကျည်းတန်တာကြောင့်ကွယ်

အချစ်ရေးနယ်ပယ်

အသွယ်သွယ်သော အရေးမှ

မင်းထက်စာရင် ကင်းဝေးပါသေးတယ်

ညီမငယ်ထွေးစပါယ်လေး နုနုထွေးရယ်

အလှလေးကြွယ်သော ချစ်စရာ့ကမ္ဘာလေးမှာ

အကျည်းတန်သော သဘောတွေမြင်လိမ့်မယ်

ဘ၀င်သိမ့်သိမ့် ရင်ငြိမ့်ငြိမ့်

စိမ့်လေသော စမ်းရေလေးစီးသည့်နှယ်

သာတဲ့အခါ သာလိမ့်မယ်

ခြောက်သွေ့သော နွေလမ်းကိုလည်း

လျှောက်ရလိမ့်မယ် အချစ်ရဲ့သည်သဘော

ဖြောင့်တန်းကွေ့ကောက် သွေ့ခြောက်စိုပြည်

ငိုမပြေ ရယ်မပျက် ဆန့်ကျင်ဘက်သည်သဘော

တွေ့ရလိမ့်ဦးမယ်

နှင်းဆီအနီအနက် ဆူးခက်ဝေဆာ

အကျည်းတန်တာကြောင့်ကွယ်

အချစ်ရေးနယ်ပယ်

အသွယ်သွယ်သော အရေးမှ

မင်းထက်စာရင် ကင်းဝေးပါသေးတယ်

အချစ်ဆိုသော အဖြေမရှိသည့် ထိုအရာရယ်

အပေါ်ယံကြောမဖြစ်တဲ့ တော်မှန်သောအချစ်နဲ့

နှင်းဆီပန်းကို နမ်းလာလှည့်ပါ

ဆူးခက်ကလေးတွေ အဆိပ်ပြယ်စေရပါမယ်

thank all

Nhiều Hơn Từ တက္ကသိုလ်u200bလဲ့လဲ့

Xem tất cảlogo