menu-iconlogo
huatong
huatong
avatar

တောင်တန်းပြာနဲ့ကျောပိုးအိတ်

တင်တင်မြhuatong
qureshiwadahuatong
Lời Bài Hát
Bản Ghi
တောင်တန်းပြာနဲ့ကျောပိုးအိတ်

တင်တင်မြ

မှိန်ပြာပြာမြူကျင်း

တိမ်တိုက်ကယ်ခြုံလွှာ သိုင်းဖွဲ့ဆင်

ဆေးပန်းချီ ရေးမမှီနိုင်တဲ့

ဟန်ရေးပြင်သည့် မိန်ရာသီ

ရွက်သိင်္ဂီ လေချီသုတ်ပြီ

ညှာညောင်းမပြုတ်ခင် ဤမှာဘက်ဆီ

စိတ်သည်းရွှေဘ၀င်မှာ

လွမ်းပါလေနဲ့ ပြေစေကြောင်းရည်

အိမ်သူဆွေ မယ့်သက်ထားဆီ

စစ်လင်္ကာပါး လိုက်သည်

မှိန်ပြာပြာမြူကျင်း

တိမ်တိုက်ကယ်ခြုံလွှာ သိုင်းဖွဲ့ဆင်

ဆေးပန်းချီ ရေးမမှီနိုင်တဲ့

ဟန်ရေးပြင်သည့် မိန်ရာသီ

ရွက်သိင်္ဂီ လေချီသုတ်ပြီ

ညှာညောင်းမပြုတ်ခင် ဤမှာဘက်ဆီ

စိတ်သည်းရွှေဘ၀င်မှာ

လွမ်းပါလေနဲ့ ပြေစေကြောင်းရည်

အိမ်သူဆွေ မယ့်သက်ထားဆီ

စစ်လင်္ကာပါး..လိုက်သည်

မြင်စေချင်စမ်းလှသည်

တောင်တန်းပြာ စစ်စခန်းမှာ

ကျောပိုးအိတ်ကိုသယ်ချီ စစ်သည်များစွာ

အားမာန်တက် အသက်ပေးကာချီ

မြင်စေချင်စမ်းလှသည်

တောင်တန်းပြာ စစ်စခန်းမှာ

ကျောပိုးအိတ်ကိုသယ်ချီ စစ်သည်များစွာ

အားမာန်တက် အသက်ပေးကာချီ

မျိုးသာကီဇာနည်ဘွားတွေ

စွန့်စားဝင့်ကြွား စွမ်းပကားပြကြသည်

စစ်ရေးရာ..မည် စစ်ချီ..ကျင်းခိုက်

သူက..လိုက်လည်း တိုက်ရိုက်..မပြေး

မြေဝေး..မရွေ့ ရှေ့ရှေ့..နောက်နောက်

မျှော်ထောက်..သိမ်းဆည်း...

အစည်း..အအုပ် ပိုက်ထုတ်..မပြယ်...

လက်နက်..မကွဲ သူရဲ..မယို...

ကိုယ်..မထိပါး

ငယ်သား..ချမ်းသာ ဘေးလွတ်..ကွာသည်...

အင်္ဂါ..ခုနှစ်ရပ် စစ်ရေး....မည်

အို..မောင်ကြီး စာဆိုစစ်သည်

မေတ္တာစကား မတင်စားလေပဲနဲ့

စစ်လင်္ကာပါးလိုက်ပုံမှာ

စစ်ချီ စစ်ပူး စစ်ထိုးခြင်း ခြောက်တန်

စစ်ခံခြောက်ပါး စစ်ပျက်ခြင်း ခြောက်မည်

သြော် စစ်ချီ စစ်ပူး

စစ်ထိုးခြင်း ခြောက်တန်

စစ်ခံခြောက်ပါး စစ်ပျက်ခြင်း ခြောက်မည်

အကြောင်းခြင်းရာကို ကုန်စင်အောင်ပ

စစ်ရေးရာမည် တေးဖွဲ့သီ

မြင်စေချင်စမ်းလှသည်

တောင်တန်းပြာ စစ်စခန်းမှာ

ကျောပိုးအိတ်ကိုသယ်ချီ စစ်သည်များစွာ

အားမာန်တက် အသက်ပေးကာချီ

မြင်စေချင်စမ်းလှသည်

တောင်တန်းပြာ စစ်စခန်းမှာ

ကျောပိုးအိတ်ကိုသယ်ချီ စစ်သည်များစွာ

အားမာန်တက် အသက်ပေးကာချီ

မျိုးသာကီဇာနည်ဘွားတွေ

စွန့်စားဝင့်ကြွား စွမ်းပကားပြကြသည်

Nhiều Hơn Từ တင်တင်မြ

Xem tất cảlogo