menu-iconlogo
logo

ထွေးညို TwunTayTheinTan

logo
Lời Bài Hát
ထွေးညို

တွံတေးသိန်းတန်

.......

ပန်းစံပယ်

သြော် နန်းအလယ် မပေါ်ခိုက်ဟာမို့

အလိုက်တော်တန်သင့်ရုံပ

ခံပွင့်ကိုကုံး ရတယ်

ထွေးညိုလေးရယ်

အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်

မျှော်လင့်ရည်မှန်းထားတဲ့

ပန်းတိုင်အသွယ်သွယ်

ရတာတဲ့တစ်နေ့ဝယ်

တေးဆိုကာကွယ် သြော်ထွေးညိုကိုချော့ဖို့

သော့သော့လာခဲ့မယ် . . .

အခုများတော့

တိုင်းပြည်ဝန်ထမ်းလျက်မို့

ထွေးညိုလေးရယ်

အဆွးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်

တစ်ခါ တလေ ၀ဠာဗွေအုံ့ဆိုင်း

ရှစ်တိုင်း ကမှောင်

တောမြောင်ချောက်ကြား

အသက်စွန့်ဆံဖျားသွားတဲ့ အခါများဝယ်

ထွေးညိုကိုတမ်းတလို့

မှန်းဆရုံနဲ့ ကျေနပ်ရတယ် ကွယ်

Music

(ဇတ်လမ်းဆင်ရင်း တော်ကီပစ်)

မျှော်လင့်ရည်မှန်းထားတဲ့

ပန်းတိုင်အသွယ်သွယ်

ရလာတဲ့တစ်နေ့ဝယ်

တေးဆိုကာကွယ် သြော်ထွေးညိုကိုချော့ဖို့

သော့သော့လာခဲ့မယ် . . .

အခုများတော့

တိုင်းပြည်ဝန်ထမ်းလျက်မို့

ထွေးညိုလေးရယ်

အဆွးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်

တစ်ခါ တလေ ၀ဠာဗွေအုံ့ဆိုင်း

ရှစ်တိုင်း ကမှောင်

တောမြောင်ချောက်ကြား

အသက်စွန့်ဆံဖျားသွားတဲ့ အခါများဝယ်

ထွေးညိုကိုတမ်းတလို့

မှန်းဆရုံနဲ့ ကျေနပ်ရတယ် ကွယ်

Music

ပန်းစံပယ်

သြော် နန်းအလယ်မပေါ်ခိုက်ဟာမို့

အလိုက်တော်တန်သင့်ရုံပ

ခံပွင့်ကိုကုံး ရတယ်

တစ်ချိန်တုန်းကထွေးညိုလေးရယ်

ဝေးပေမယ့် မောင်ကြီးဖြေနိုင်တယ်

အခုတော့ခက်တယ်လေကွယ်

မျက်နှာငယ်မလေးထွေး ရယ်

သေချင်သေ

သေရင်မြေကြီးပါကွယ်

ရှင်ရင်လေ

ရွှေထီးကိုလည်းမောင် မမျှော်မှန်းတယ်

သေချင်သေ

သေရင်မြေကြီးပါကွယ်...အယ်...

ရှင်ရင်လေ

ရွှေထီးကိုလည်းမောင် မမျှော်မှန်းတယ်

အဝေးစစ်မြေစခန်း က

အောင်ပွဲနဲ့မြန်းလာခဲ့ရင်

သပြေပန်း နဲ့

လက်လှမ်းကြိုမယ်ထင်တယ်ကွယ်

အတွေးနဲ့ တေးဆိုကာကွယ်

သြော် ထွေးညိုကိုချော့ဖို့

သော့သော့လာခဲ့ပေမယ့်ကွယ်

ရွာအ၀င်လမ်းဝယ်

မောရင်းပန်းရင်းလွမ်းစရာကြုံတော့ တယ်

Music

.....

သေချင်သေ

သေရင်မြေကြီးပါကွယ်

ရှင်ရင်လေ

ရွှေထီးကိုလည်းမောင် မမျှော်မှန်းတယ်

သေချင်သေ

သေရင်မြေကြီးပါကွယ်...ဟယ်

ရှင်ရင်လေ

ရွှေထီးကိုလည်းမောင် မမျှော်မှန်းတယ်

အဝေးစစ်မြေစခန်း က

အောင်ပွဲနဲ့မြန်းလာခဲ့ရင်

သပြေပန်း နဲ့

လက်လှမ်းကြိုမယ်ထင်တယ်ကွယ်

အတွေးနဲ့တကယ် တေးဆိုကာကွယ်

သြော် ထွေးညိုကိုချော့ဖို့

သော့သော့လာခဲ့ပေမယ့်ကွယ်

ရွာအ၀င်လမ်းဝယ်

မောရင်းပန်းရင်းလွမ်း စရာကြုံတော့ တယ်

......

ကျေးဇူးတင်ပါတယ်(လေးစိုး)

ထွေးညို TwunTayTheinTan của တွံတေးသိန်းတန် - Lời bài hát & Các bản Cover