menu-iconlogo
huatong
huatong
avatar

ဝေးသွားမှ

ထက္မြန္huatong
sosesclaveshuatong
Lời Bài Hát
Bản Ghi
သီချင်း : ဝေးသွားမှ

တေးဆို : ထက်မွန်+ရတနာမိုင်

ငါတို့နှစ်ယောက်ဝေးသွားမှ

အချစ်ဆိုတာပေါ်လာသလား

တယောက်လမ်းခွဲလျှောက်မှ

ဘဝမှာတကယ်နင်သာ

အလိုအပ်ဆုံးဆိုတာ

သေသေချာချာအချိန်တွေ

ကြာလာလေသမျှ သိလာတယ်

ငါတို့ကနှစ်ယောက်ဆုံရင်

မကြင်နာနိုင်ရန်ဖြစ်ကြ

ငါတို့ကအားနည်းချက်တွေကို

လက်ညိုးထိုးပီးအပြစ်ဖွဲ့ကြတာ

ဒါဟာစေတနာတွေကြောင့်

ဖြစ်မှန်းဝေးမှသိလာတယ်

ဂရုမစိုက်တာတွေပေါ့လျှော့လာလို့

နင်လည်းငါ့အားစိတ်ပျက်နိုင်တယ်

ငါဝန်ခံပါရစေ ဒီအချိန်

အလိုအပ်ဆုံးကနင်လေ

ငါ့မျက်ရည်နဲ့ခြေဆေးပီးမှလာချင်လဲ

ငါကျေနပ်တယ်အတူတူ

ပြန်ဆုံခွင့်ပေးတော့

နင်မရှိမှနောင်တကရလာတယ်

ခံစားရတာတွေလဲခက်လာတယ်

ငါမှားခဲ့တာတွေလဲသိပါတယ်

ချစ်သူရယ် ငါ့ကိုစိတ်မဆိုးနဲ့

နင်မရှိမှတန်ဖိုးထားတတ်လာတယ်

နင်ငါ့ကြောင့်မငိုပါနဲ့တောင်းပန်တယ်

နင့်အမုန်းလဲမခံနိုင်ဘူး

မေတ္တာတွေသစ္စာတွေငါ့မှာရှိသေးတယ်

ရင်ထဲမှာ မင်းဟာအမြဲရှိတယ်

ငါတို့နှစ်ယောက်ဝေးသွားမှ

အချစ်ဆိုတာပေါ်လာသလား

တယောက်လမ်းခွဲလျှောက်မှ

ဘဝမှာတကယ်နင်သာ

အလိုအပ်ဆုံးဆိုတာ

သေသေချာချာအချိန်တွေ

ကြာလာလေသမျှ သိလာတယ်

ဂရုမစိုက်တာတွေပေါ့လျှော့လာလို့

နင်လည်းငါ့အားစိတ်ပျက်နိုင်တယ်

ငါဝန်ခံပါရစေ ဒီအချိန်အလိုအပ်ဆုံးက

အချစ် ...ပါသွားတယ်နင့်ဆီ....

နင်သာငါ့ဘဝရဲ့လိုတာကိုဖြည့်စွက်မဲ့

လူဆိုတာ သိရတဲ့အခိုက်မှာ

အပြစ် ငါ့အပြစ်တွေရှိလို့

ခန္တာတွေဝေးသွားလည်း

ဒီ၇င်မှာမင်းစိတ်နဲ့

ငါကြာရင်ရူူးသွားရလိမ့်မယ်

နင်မရှိမှနောင်တကရလာတယ်

ခံစားရတာတွေလဲခက်လာတယ်

ငါမှားခဲ့တာတွေလဲသိပါတယ်

ချစ်သူရယ် ငါ့ကိုစိတ်မဆိုးနဲ့

နင်မရှိမှတန်ဖိုးထားတတ်လာတယ်

နင်ငါ့ကြောင့်မငိုပါနဲ့တောင်းပန်တယ်

နင့်အမုန်းလဲမခံနိုင်ဘူး

မေတ္တာတွေသစ္စာတွေငါ့မှာရှိသေးတယ်

ရင်ထဲမှာ မင်းဟာအမြဲရှိတယ်

Nhiều Hơn Từ ထက္မြန္

Xem tất cảlogo