menu-iconlogo
huatong
huatong
avatar

တိုက်တိုက်ဆိုင်ဆိုင်

ဒီလေးhuatong
Moe_Lone_Hein_Chonehuatong
Lời Bài Hát
Bản Ghi
တိုက်တိုက်ဆိုင်ဆိုင်

ရေး/ဆို _ ဗဒင်

မီးလုံးကလေး ပိတ်လိုက်ပြီးတော့

မျက်စိများ မှိတ်လိုက်တဲ့အခါတိုင်း

စိမ်းစိမ်းကြီး စိုက်ကြည့်တတ်တဲ့

မိန်းကလေးက ပေါ်လာ

ဒီအရွယ်တိုင် တစ်ယောက်တည်းနေတတ်သလို

တစ်ယောက်တည်း နေခဲ့ချိန်တွေ

ပြန်လည်နှမျောမိလိုက်သလိုပဲ စိတ်ထဲမှာ

အားပေးစကား မကြားဖူးတဲ့ ဘဝမျိုးထဲ

ကြီးပြင်း အသက်ရှင်ရင်း

အမောများနဲ့ လောကလမ်းထဲ

လဲကျသွားတဲ့ အချိန်တိုင်း

ကိုယ်ထူကိုယ်ထ ဆိုသလို

လျှောက်လှမ်းတဲ့ တစ်သက်တာမှာ

အဖော်ဆိုတဲ့ အတွေးလေးက ဝင်လာ

အံ့သြတယ်ကိုယ့်ရဲ့စိတ်ကို

မယုံနိုင်အောင်

ဘဝကြမ်းမှာ လမ်းကြမ်းကြမ်းတွေ

လျှောက်ခဲ့ဖူးတဲ့ စိတ်ဓါတ်များက

ချောက်ခြား တုန်လှုပ်ခဲ့ပါပြီ

ဒီနေ့တိုင် လွယ်လင့်တကူ အို...

တော်တန်ရုံ ရင်မခုန်တတ်တဲ့

ကြမ်းတမ်းတဲ့ နှလုံးသားဟာ.. ဝိုး...ဝိုး...ဝိုး......

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

တိုက်တိုက်ဆိုင်ဆိုင်

ခါးသီးခြင်း နေ့ရက်များက

တဖြည်းဖြည်းနဲ့ ရိုးသွားခဲ့ပါပြီ

လမိုက်တဲ့ ညဥ့်နက်နက်က

ကိုယ့်ဘဝနဲ့ တူတယ်

တခါတခါ ကိုယ့်အကြောင်းကိုတွေးပြန်ရင်း

ရေငတ်သလို မေတ္တာကို

ခံယူချင်စိတ်ကလေးက ပေါ်လာ

အံ့သြတယ်ကိုယ့်ရဲ့စိတ်ကို

မယုံနိုင်အောင်

ဘဝကြမ်းမှာ လမ်းကြမ်းကြမ်းတွေ

လျှောက်ခဲ့ဖူးတဲ့ စိတ်ဓါတ်များက

ချောက်ခြား တုန်လှုပ်ခဲ့ပါပြီ

ဒီနေ့တိုင် လွယ်လင့်တကူ အို...

တော်တန်ရုံ ရင်မခုန်တတ်တဲ့

ကြမ်းတမ်းတဲ့ နှလုံးသားဟာ.. ဝိုး...ဝိုး...ဝိုး....

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

တိုက်တိုက်ဆိုင်ဆိုင်

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

တိုက်တိုက်ဆိုင်ဆိုင်

Thanks- Moe_Lone_Hein_Chone

Nhiều Hơn Từ ဒီလေး

Xem tất cảlogo