မိုးစက်တင်လေ
နီနီခင်ဇော်
ပင်လယ်နေပူရင်
ဖြစ်ခြင်းသဘောတွေ
ဟို.ဟိုး..တောင်ပြာတန်းက
မိုးစက်မှုန်ရင်
ဒို့ရဲ့စိတ်တွေ ပြေးသွားခဲ့သည်
မင်းတစ်ယောက်ရှိတဲ့ဆီ
မှန်းဆလွမ်းပါသည်
မညှာမတာမိုးစက်များငါ့ကိုလေ
ရိုက်နှက်လို့မသွားအောင်
ကူညီလို့ပေးတယ်
တိမ်လွှာပြင်မိုးသားအောက်က
ချစ်တဲ့သူရေ
မြေပြင်လူငါ့ထပ်ကပ်လျက်ရပ်ခဲ့သူရေ
သောကဝေဒုက္ခမိုးရေတွေ
မထိခိုက်အောင်ကာစီးခဲ့သူရေ
အမည်ပေးလိုက်ချင်တယ်လေ
မိုးစက်တင်လေ...
နွေအလယ် ပျံကာနေတဲ့
ငှက်ကလေးများတို့ရယ်
ဟို..ဟိုး...
ဖြူစင်ရိုးသားစိတ်ထားမြတ်သူ
တို့ရဲ့အချစ်တွေသိမ်းထားခဲ့ပြီ
သူ့ရဲ့နှလုံးသားဆီ
တစ်နေ့တော့အရောက်လာမည်
ကြုံရင်ပြောလိုက်ပါ့ငှက်ငယ်တွေရယ်
ငါ့တစ်သက်ရဲ့ညတွေ
အာရုဏ်ကျင်းလင်းနေ
သံသာလေကမ်းကမိုးစက်တင်လေ
ရေပူရေချမ်းကမ်းလှမ်းမယ့်မိုးစက်တင်လေ
သောကဝေဒုက္ခမိုးရေတွေ
ကင်းလွတ်ရာဘဝလေးထဲမှာလေ
ကိုယ်လိုက်လို့ရှာမယ်လေ
မိုးစက်တင်လေ...
အဆုံးအစမဲ့လမ်းကမသိပေမယ့်
မှန်းဆလို့တမ်းတတွေ့ချင်နေ
မိုး.....စက်တင်လေ...မိုး..စက်တင်လေ
မိုးစက်တင်လေ
ဘယ်မလဲအချစ်ရေ
နွေအလယ် ပျံကာနေတဲ့
ငှက်ကလေးများတို့ရယ်
ဟို..ဟိုး...
ဖြူစင်ရိုးသားစိတ်ထားမြတ်သူ
တို့ရဲ့အချစ်တွေသိမ်းထားခဲ့ပြီ
သူ့ရဲ့နှလုံးသားဆီ
တစ်နေ့တော့အရောက်လာမည်
ကြုံရင်ပြောလိုက်ပါ့ငှက်ငယ်တွေရယ်
ငါ့တစ်သက်ရဲ့ညတွေ
အာရုဏ်ကျင်းလင်းနေ
သံသာလေကမ်းကမိုးစက်တင်လေ
ရေပူရေချမ်းကမ်းလှမ်းမယ့်မိုးစက်တင်လေ
သောကဝေဒုက္ခမိုးရေတွေ
ကင်းလွတ်ရာဘဝလေးထဲမှာလေ
ကိုယ်လိုက်လို့ရှာမယ်လေ
မိုးစက်တင်လေ...
free4singer.com