menu-iconlogo
huatong
huatong
avatar

သည်လမ်းသည်စခန်း

နီနီဝင်းရွှေhuatong
AyeKyaw(UOo)huatong
Lời Bài Hát
Bản Ghi
သည်လမ်းသည်စခန်း

နီနီဝင်းရွှေ

0း 15

ချစ်လောက နယ်ပယ်

ချစ်တတ်လေသော မောင်ရယ်မိရယ်

အသိတစ်ခု သတိပြုဖွယ်

ကြည့်ရှုရန်သာ မဝေး

ရေးရေးမျှ မြင်နိုင်ပါတယ်ကွယ်

မီးရောင်စုံ ကွန့်မြူးလို့ဖြင့်

ကြည်နူးစရာ အသွယ်သွယ်

ချစ်ဘုံ ချစ်နန်းကြီးမှာကွယ်

အံ့မခန်း ဆန်းကြယ်လှပါတယ်

ချစ်လောက နယ်ပယ်

ချစ်တတ်လေသော မောင်ရယ်မိရယ်

အသိတစ်ခု သတိပြုဖွယ်

ကြည့်ရှုရန်သာ မဝေး

ရေးရေးမျှ မြင်နိုင်ပါတယ်ကွယ်

မီးရောင်စုံ ကွန့်မြူးလို့ဖြင့်

ကြည်နူးစရာ အသွယ်သွယ်

ချစ်ဘုံ ချစ်နန်းကြီးမှာကွယ်

အံ့မခန်း ဆန်းကြယ်လှပါတယ်

အမြင်မှာ နီးပေမယ့်

ခရီးက ကြမ်းလှပါတယ်

မှောင်မှောင်ကာ မည်းပါလို့

ရောက်လဲလေ ရောက်နိုင်ခဲကြတယ်

ဆူးငြှောင့် ချောက်ကမ်းပါးတွေနဲ့

သားကောင်တွေ များမြောင်လှတော့တယ်

ဘေးရန်တွေ ပတ်လည်

ဖြတ်ကျော်ရှောင်လွှဲ ရောက်ခဲလှတယ်

ထိုထို ခရီးလမ်းကို

မှန်းဆရင်ကွယ် ကြမ်းလှပါတယ်

အမြင်မှာ နီးပေမယ့်

ခရီးက ကြမ်းလှပါတယ်

မှောင်မှောင်ကာ မည်းပါလို့

ရောက်လဲလေ ရောက်နိုင်ခဲကြတယ်

ဆူးငြှောင့် ချောက်ကမ်းပါးတွေနဲ့

သားကောင်တွေ များမြောင်လှတော့တယ်

ဘေးရန်တွေ ပတ်လည်

ဖြတ်ကျော်ရှောင်လွှဲ ရောက်ခဲလှတယ်

ထိုထို ခရီးလမ်းကို

မှန်းဆရင်ကွယ် ကြမ်းလှပါတယ်

တူမောင်မယ် နှစ်သွယ်နှစ်ဝမှာ

လွယ် လှပါတယ်

ဆိုဆို ပြီးတော့ကွယ်

သွားကြတယ် ရောက်အောင်သာကွယ်

တစ်ခုတည်းသော မေတ္တာ

နည်းနည်းကိုကွယ်

စွဲကိုင်ကာ ရယ်သွားကြတယ်

ချစ်ဘုံနန်း ရောက်အောင်လှမ်း

အား မာန် တင်း

လျှောက်ရင်း လျှောက်ရင်း

ချာ ချာ လည်

ခရီးက မတွင်ကျယ်လေဘူးကွယ်

Source Internet

အနှောင့်အယှက် ရန်စွယ်

တွေ့ကြုံရ ဆုံရလေပြီကွယ်

မေတ္တာ ဆိုတဲ့

လက်နက်ကိုယ်စီ ကိုင်စွဲလို့ရယ်

တုဖက်ခါကွယ် မောင်နဲ့မိနှစ်သွယ်

ခုခံညားပေမယ့်

မှောင်လို့သာ မည်းလေတော့

မှန်းကာ ရမ်းကာ

မမြင် မစမ်းနဲ့ကွယ်

လမ်းခုလတ် ဆက်ကြားဝယ်

အကြံ မလှလို့

ပြန်ရမှာလည်း ခက်တယ်ကွယ်

သွားရမှာလည်း တကယ့်ကိုမလွယ်

သည်လမ်း သည်စခန်းရောက်အောင်

လှမ်းမယ်ပါ့ မှန်းရွယ်ဆ

သွားလိုလှတဲ့ တူမျှမောင်မယ်

မေတ္တာရယ် ပညာရယ်

ဥစ္စာ ဆိုတဲ့

အားကိုးစရာ အားထားစရာ

လက်နက်များ

အပါဆောင် သွားကြရင်ကွယ်

အောင်မြင်စွာပါ့

ရောက်နိုင်ကြပါတယ်..

မေတ္တာဆိုတာက

လာသမျှရန်စွယ် ခုခံကာကွယ်

ပညာက အမှောင်ကိုခွင်း

အလင်းရောင်ပေး အေးမြလို့

ဘေးရန်ဟူသမျှကို

ညွှန် ပြလိမ့်မယ်

ဥစ္စာက ကွယ်

ခြွေရံသင်းပင်း မို့

တအား တင်းနိုင်ကြပါတယ်

အဲဒီလို မေတ္တာနဲ့

ပညာ ဥစ္စာ

အားကိုး အားထား

ဆောင်ကာ သွား

ရှောင်ရှားလိမ့် ဘေးရန်ဟူသမျှမယ်

မောင်ရယ် မိရယ်

ချစ်ဘုံ ချစ်နန်း

တူစုံကာ မှန်းရွယ်

ကြည်သာရွှင်လန်း

မြန်းကြလေဦးကွယ်

By AyeKyaw greentiger

Nhiều Hơn Từ နီနီဝင်းရွှေ

Xem tất cảlogo