menu-iconlogo
huatong
huatong
avatar

ချစ်အရိပ်

နီနီဝင်းရွှေhuatong
planetbeltishuatong
Lời Bài Hát
Bản Ghi
ငယ်စဉ်အခါမှာ ကြင်နာ

တူနှစ်ကိုယ် လက်တွဲလာ​

ဒီချစ်အရိပ် အတိတ်ပန်းချီကားချပ်

ထင်ဟပ်လို့လာ

အာကာဝေဟင်ကြယ်စင်

လမင်းဝင်းကြည်စွာ...

သာသောညတစ်ညမှာ

မေ့ကိုသူ ချစ်ခွန်းစလာ

နှစ်ဦးရင်မှာ ချစ်သွေးအလှဖြာ

ကြည်နူးမဆုံး

ချစ်ပြုံးအရိပ်သာ မမေ့ပါ

မေ့အသည်းလမ်းက ကြိုနေမှာ

မှိုင်းရိပ်ကယ်တည့်ဝေမှောင်

ရှစ်ခွင်တိမ်တောင် ညို့ညို့မဲလို့

သည်းသည်းစွေရွာ

မိုးလဝသန်ခါ

ပုန်းညှတ်ပန်းတွေလည်း ဖွေးဖွေးဖြူစွာ

မိုးရေစက်တွေအောက်မှာ ပွင့်ရှာ...

မကြာခင် အာကာပြင်မှာ

နှင်းပွင့်များနဲ့အတူ

သဇင်ဖြူဖြူလေးတွေ

ပွင့်ဦးတော့မှာ

ဟော......ပြောရင်းဆိုရင်း

နွေးဦးကို ကြိုကြို

ရွှေဥသြက တေးဆိုရှာ

ပိတောက်ပန်းလေးက ထိန်ထိန်ဝါ

မေ့အသည်းပန်းက နွမ်းလျ မဖြေသာ...

ငယ်စဉ်အခါမှာ ကြင်နာ

တူနှစ်ကိုယ် လက်တွဲလာ​

ဒီချစ်အရိပ် အတိတ်ပန်းချီကားချပ်

ထင်ဟပ်လို့လာ

အာကာဝေဟင်ကြယ်စင်

လမင်းဝင်းကြည်စွာ...

သာသောညတစ်ညမှာ

မေ့ကိုသူ ချစ်ခွန်းစလာ

နှစ်ဦးရင်မှာ ချစ်သွေးအလှဖြာ

ကြည်နူးမဆုံး

ချစ်ပြုံးအရိပ်သာ မမေ့ပါ

မေ့အသည်းလမ်းကကြိုနေမှာ

မှိုင်းရိပ်ကယ်တည့်ဝေမှောင်

ရှစ်ခွင်တိမ်တောင် ညို့ညို့မဲလို့

သည်းသည်းစွေရွာ

မိုးလဝသန်ခါ

ပုန်းညှတ်ပန်းတွေလည်း ဖွေးဖွေးဖြူစွာ

မိုးရေစက်တွေအောက်မှာ ပွင့်ရှာ...

မကြာခင် အာကာပြင်မှာ

နှင်းပွင့်များနဲ့အတူ

သဇင်ဖြူဖြူလေးတွေ

ပွင့်ဦးတော့မှာ

ဟော......ပြောရင်းဆိုရင်း

နွေးဦးကို ကြိုကြို

ရွှေဥသြက တေးဆိုရှာ

ပိတောက်ပန်းလေးက ထိန်ထိန်ဝါ

မေ့အသည်းပန်းက နွမ်းလျ မဖြေသာ

ငယ်စဉ်အခါမှာ ကြင်နာ

တူနှစ်ကိုယ် လက်တွဲလာ​

ဒီချစ်အရိပ် အတိတ်ပန်းချီကားချပ်

ထင်ဟပ်လို့လာ

အာကာဝေဟင်ကြယ်စင်

လမင်းဝင်းကြည်စွာ...

သာသောညတစ်ညမှာ

မေ့ကိုသူ ချစ်ခွန်းစလာ

နှစ်ဦးရင်မှာ ချစ်သွေးအလှဖြာ

ကြည်နူးမဆုံး

ချစ်ပြုံးအရိပ်သာ မမေ့ပါ

မေ့အသည်းလမ်းကကြိုနေမှာ

Nhiều Hơn Từ နီနီဝင်းရွှေ

Xem tất cảlogo
ချစ်အရိပ် của နီနီဝင်းရွှေ - Lời bài hát & Các bản Cover