menu-iconlogo
huatong
huatong
avatar

ချစ်တဲ့စိတ်ဆိုတာ

ပိုပိုဟေသာhuatong
southclkboyhuatong
Lời Bài Hát
Bản Ghi
အိပ်ရာထဲ လှဲနေလည်း မအိပ်နိုင်ပဲ

မင်းကိုပြေးမြင်နေ တို့စိတ်ရယ်

မီးဖွင့်ပြီး ဝတ္တုလေးပြန်ဖတ်တော့လည်း

မင်းက ဝင်လာတယ် ဇာတ်လမ်းထဲ

မင်းကိုသတိတွေရခြင်းများ

များစွာ မင်းဟာတို့ရဲ့အတွေးကမ္ဘာ

ကျောင်းစာလည်း မကျက်ဖြစ်ဘူးကွယ်

ခုရက်ထဲ တို့လေ စာတွေနောက်ကျတယ်

ကျောင်းမှာလည်း နောက်လှည့်ပြီးတော့

ကြည့်ချင်ခဲ့ တို့လေ ဘယ်လိုလုပ်မလဲကွယ်

မင်းကိုသတိတွေရခြင်းများ

များစွာ တို့ရင်ထဲက ပုစ္ဆာပါ

ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ

ဘာကြောင့်မို့သတိတွေရ

ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ

ခံစားရမှာလား ကဲကွယ် ပြောစမ်းပါ

မိုးရေထဲလျှောက်လာခဲ့တယ် တို့တစ်ယောက်တည်း

လမ်းဟာ တကယ်ကို မှုန်ဝါးဝါးရယ်

တို့ရင်ထဲ မိုးရေများ စိုရွှဲနေခဲ့

အချစ်ဟာ ရင်မှာ ရွာခဲ့တယ်

မင်းကိုသတိတွေရခြင်းများ များစွာ

လွတ်မြောက်လမ်းလည်းမရှိပါလား

ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ

ဘာကြောင့်မို့သတိတွေရ

ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ

ခံစားရမှာလား ကဲကွယ် ပြောစမ်းပါ

မင်းကိုသတိတွေရခြင်းများ များစွာ

လွတ်မြောက်လမ်းလည်းမရှိပါလား

ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ

ဘာကြောင့်မို့သတိတွေရ

ချစ်တဲ့စိတ်ဆိုတာ

တိတ်တိတ်လေးရင်မှာ ခံစားရမှာလား

ချစ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ

ဘာကြောင့်မို့သတိတွေရ

ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ

ခံစားရမှာလား ကဲကွယ် ပြောစမ်းပါ

ချစ်တဲ့စိတ်ဆိုတာ ချစ်တဲ့စိတ်ဆိုတာ

Nhiều Hơn Từ ပိုပိုဟေသာ

Xem tất cảlogo
ချစ်တဲ့စိတ်ဆိုတာ của ပိုပိုဟေသာ - Lời bài hát & Các bản Cover