menu-iconlogo
huatong
huatong
avatar

ချစ်သူ့ကမ်းခြေ

မင်းဂျွန်​စိုးhuatong
ဇွဲထက်ပိုင်🎤huatong
Lời Bài Hát
Bản Ghi
ချစ်သူ့ကမ်းခြေ

တေးရေး မင်းဂျွန်စိုး

တေးဆို မင်းဂျွန်စိုး

ကျွန်တော် ပျိုးခဲ့တဲ့

ပန်းတစ်ပွင့်ဆိုတာ

ကျွန်တော့် သီချင်းတစ်ပုဒ်

တည်မြဲခြင်း မရှိ

လူ့ဘဝဆိုတဲ့ ခဏလေးမှာ

ကျွန်တော် သီချင်းတစ်ပုဒ်နဲ့

ဘဝမှတ်တိုင် ထူသွားပါ့မယ်

လူဘုံအလယ်မှာ

ရှုံးပွဲထပ်နေလည်း

ဒဏ်ရာတွေကို

ကျော်ပိုးအိတ်မှာလွယ်

ကိုယ်ပိုင်အခြေခံ

အားနည်းချက်တွေကြောင့်

ပါရမီကံရယ်

အကျိုးဆက်လမ်းပေါ်မှာ

အောင်မြင်မှု ဘဝရေဆန်လမ်း

လှော်ခတ်ဆဲ

ဘဝလှေ ငယ်လေးလို

တကယ်လှပတဲ့ ဆိပ်ကမ်းသာယာ

ကျွန်တော်တို့ မြို့မှာ

ရွှေဘုန်းမြင့်လို့ ဘုရားမြတ်စေတီ

တည်ထားကိုးကွယ်

ကျွန်တော်စွမ်းသလောက်တော့

မွေးရပ်မြေဂုဏ် ဆောင်ပေးခဲ့တယ်

ဧရာဝတီကို ချစ်လျှက်ခွဲခွာလာ

နေညိုချိန်ရင်

အသည်းလှိုက် လွမ်းနေတုန်း

ပေါ်တော်မူအရှင်

ဘုရားမြတ် ကမ်းစေတီ

သာယာနေတဲ့ တိုးမြစ်ကမ်းခြေရယ်

ဟိုတခါက ကမ်းခြေမြို့လေး

ရင်အခုန်ဆုံး ချစ်သူတို့ကမ်းခြေ

ပြောင်းလဲခြင်း

လောကထဲမှာ ခရီးဆက်သူ

သားမိုက်အတွက်

အမေ့မျက်ရည်တွေဝဲ

လွမ်းတသိမ့်သိမ့်ရှိုက်လို့

ချစ်သူတမ်းတနေ

မျှော်နေဦး အဝေးမှာတယောက်တည်း

မဆုံတော့ဘူး

ကမ်းခြေ မြို့လေး.....

ဆုံပြီးခဲ့လို့

ခွဲရတာဟာ ကံတရားလား

သူငယ်ချင်းများနဲ့

နှုတ်ဆက်ခါ ထွက်သွားသူ

ကျွန်တော်သီချင်းများနဲ့

နှလုံးသားကြွေရာ

မြို့ကလေး အဝေးဆီ

အဖေ အမေတွေကို

ကျောကိုင်း စွန့်ခွာသွား

ကျန်နေပါစေ တိုးမြစ်ကမ်းခြေသူ

ကျွန်တော် ပြန်လာချိန်

အဝေးကစောင့်နေဆဲ

ပြန်လာချင်တယ်

ချစ်သူ့ကမ်းခြေရေ

မျှော်လင့်ခြင်း ပန်းတိုင်ဆီသို့

ဘယ်နေ့များ ရောက်နိုင်မှာလဲလေ

ပေးဆပ်မှုတစ်ခုနဲ့

အရင်းတည်သွားပါ့မယ်

အတ္တမဲ့ ဘဝအနုပညာသမားကို

အားလုံးပဲ ခွင့်ပြုပါသွားတော့မယ်

ဘယ်လိုမှမမေ့နိုင်ပါဘူး

ဟိုတခါက ချစ်သူ

တို့ကမ်းခြေ

Nhiều Hơn Từ မင်းဂျွန်​စိုး

Xem tất cảlogo