menu-iconlogo
huatong
huatong
avatar

ညီလေး

မျိုးကြီး Myo Gyihuatong
moggiemoggiehuatong
Lời Bài Hát
Bản Ghi
လူ့ရဲ့ဘဝက ခဏပါ

မီးတောက်တခုလိုပါ..

တနေ့နေ့ကျတော့ ပြာပုံဖြစ်မှာ..

ကိုယ်စိုက်ခဲ့ဖူးတဲ့ သမိုင်းတွေသာ

တနေ့အသီးသီးလာမှာ

မင်းကြောင့်အားလုံး ပျော်ပါစေပေါ့ကွာ..

ဘဝက အနိမ့်အမြင့်ရှိတယ်လေ

နှိမ့်ချတတ်ပါစေ

ဘယ်တော့မှ မရှုံးဘူးကွာ ညီလေးရာ

တနေ့နေ့ မင်းအကြောင်းပြောချိန်မှာ

လူတွေဝမ်းမြောက်ရစေပါ

ကိုယ့်ရဲ့သမိုင်းကြောင်း ကိုယ်သာရေးပါ

အောင်မြင်မှုကြီးကြီးမားမား မရရင်နေပါ

လူတွေကို မင်းကြောင့်မျက်ရည်

မကျစေနဲ့ပေါ့ကွာ

ရန်သူတထောင်လဲကျဖို့ မင်းမစွမ်းနိုင်လဲကွာ

လူတယောက်ကို ဆွဲထူပါ..

နောက်ကျောကို ဓားနဲ့ထိုးလဲ ပြုံးပြလိုက်ပါ

အဖေဆုံးမစကား အမြဲနားထောင်ပါညီလေးရာ

လူတွေရဲ့ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဟာ

အားလုံးခဏတွေပါ..

ဘဝက အနိမ့်အမြင့်ရှိတယ်လေ

အို နှိမ့်ချတတ်ပါစေ

(ဆွဲထူပါ)

နောက်ကျောကို ဓားနဲ့ထိုးလဲ ပြုံးပြလိုက်ပါ

အဖေဆုံးမစကား အမြဲနားထောင်ပါညီလေးရာ

လူတွေရဲ့ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဟာ

အားလုံးခဏတွေပါ..

လူတွေရဲ့ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဟာ

အားလုံးခဏတွေပါ..

Nhiều Hơn Từ မျိုးကြီး Myo Gyi

Xem tất cảlogo