menu-iconlogo
huatong
huatong
avatar

ငှက်​တစ်​​ကောင်​ရဲ့အိပ်​မက်

မျိုးကြီးhuatong
knetuckyhuatong
Lời Bài Hát
Bản Ghi

Fb U Thar Ngel

Welcome from my poor life

INTRO

အိမ်မက်တို့ရဲ့အရိပ်ထဲ

ငါပျံသန်းခြင်းများစွာ

အလင်းနဲ့အတူလွင့်လို့သွားမယ်

ဟိုးအဝေးဆုံးက တိမ်များကြား

ငါယုံပြီးလိုက်ခဲ့မယ်

အဆုံးတစ်ခုကိုလိုချင်ခဲ့

မာယာတွေပြည့်လို့နေတဲ့

ငါ့စိတ်ဓာတ်တွေဖြိုချဖို့

အတားအဆီးများငါ့ရှေ့ တိုးထွက်ပစ်လာခဲ့

အသွေးအသားများအထိ စီးကာပျော်ဝင်

ပျံသန်းရင်းနဲ့ ရင်ခုန်ဆဲဟေ့

အတောင်ပံတွေမီးတောက်တော့မယ်

ပိတ်ဆို့တဲ့လေနီကြမ်း

အန္တရာယ်မုန်တိုင်းတွေနဲ့

ခရီးကြမ်းကိုငါဖြတ်သန်း

မမြင်နိုင်တဲ့လမ်းရဲ့အဆုံးမှာ

ကြိုနေမယ်အိမ်မက်များ

အတောင်ပံတွေဖြန့်

ငါပျံသန်းရင်းသေမယ် ဒီလမ်း

နာကျင်တဲ့အဆိပ်တတ်ခြင်းတွေ

ပွေ့ပိုက်ကာပျံနေဆဲ

ပူလောင်စွာတပ်မက်နေလို့

ခံနိုင်ရည်နဲ့အသက်ပြင်းခဲ့

ဒီကမ္ဘာမှာထားရစ်တော့မယ်

အနောက်ဘက်မှာနေခဲ့ဦး

အိုငါပျံထွက်ခဲ့

ဒီမှာငါ့ဘဝရဲ့အဓိပ္ပာယ်မြင်ရဖို့

အတားအဆီးငါ့ရှေ့က

တိုးထွက်ပစ်လိုက်စမ်း

အသွေးအသားများအထိစီးကာပျော်ဝင်

ပျံသန်းခြင်းနဲ့ရင်ခုန်ဆဲဟေ့

အတောင်ပံတွေမီးတောက်တော့မယ်

ပိတ်ဆို့တဲ့လေနီကြမ်း

အန္တရာယ်မုန်တိုင်းတွေနဲ့

မခံနိုင်အောင်ရက်စက်စမ်း

မမြင်နိုင်တဲ့လမ်းရဲ့အဆုံးမှာ

ကြိုနေမယ်အိမ်မက်များ

အတောင်ပံတွေဖြန့်

ငါပျံသန်းရင်းသေမယ်ဒီလမ်း

နဂါးငွေ့တန်းကိုကျော်ပြီး

ငါသွားမယ့်ကောင်းကင်လမ်း

ဓားသွားထက်ထက်ညလေညှင်း

အမြင့်ဆုံး ဟိုးအမြင့်ဆုံး ပျံသန်း

Fb U Thar Ngel

Welcome from my poor life

အတောင်ပံတွေမီးတောက်တော့မယ်

ပိတ်ဆို့တဲ့လေနီကြမ်း

အန္တရာယ်မုန်တိုင်းတွေနဲ့

မခံနိုင်အောင်ရက်စက်စမ်း

မမြင်နိုင်တဲ့လမ်းရဲ့အဆုံးမှာ

ကြိုနေမယ်အိမ်မက်များ

အတောင်ပံတွေဖြန့်

ငါပျံသန်းရင်းသေမယ်ဒီလမ်း

Fb U Thar Ngel

Welcome from my poor life

Nhiều Hơn Từ မျိုးကြီး

Xem tất cảlogo