menu-iconlogo
huatong
huatong
Lời Bài Hát
Bản Ghi
အတူတွဲကာ ရန်အောင် ပိုးအိစံ

မောင်ရေသွားကြစို့ကျမတို့ရဲ့အညာ

ဆူးလေကစူးလေပွေရူးတဟူးဟူး

တိုက်တဲ့အချိန်များမှာထနောင်းပွင့်

တွေဝေဝေဆာတပေါင်းရောက်ပီနွေအခါ

ချောင်းတစ်လျှောက်ဆီရေကြည်ပြာ

ရေနံစင်ကြီးများနဲ့မီးမငြိမ်းမြို့တော်

ပျော်စရာရေနံ့သာ

မေရေလိုက်လို့ပို့မယ်မောင်တို့ရဲ့အညာ

ပုပ္ပါးတောင်ကြီးညို့ညို့မှိုင်း

ရှု့တိုင်းလှတဲ့ဒီအညာ

ထန်းတောကြီးတွေအုံ့ဆိုင်းဖြာ

လှည်းလမ်းခရီးရှည်ဖြောင့်ဖြူးစွာ

သာယာဖွယ်ကောင်းနေရာဟောင်းကို

အောက်မေ့လို့တစ်ခေါက်တစ်ခါ

သွားဖို့ပြင်ပါပို့ဖို့ဝန်တာ

မောင့်အတွက်သာထားပါ

ဒီနှစ်အညာနွေဦးအခါ

နှစ်စ်ယောက်တွဲကာအတူသွားမှာ

ဒီနှစ်အညာနွေဦးအခါ

နှစ်ယောက်တွဲကာအတူသွားမှာ

မင်းဖူးကရွှေစက်တော်

ဖူးချင်ပါတယ်မောင်လိုက်ပို့ပါ.

တန်ခူးလရဲ့ဒီပွဲတော်

ပျော်စရာကောင်းတယ်မောင်လိုက်ပို့မှာ

မင်းဖူးကရွှေစက်တော်

ဖူးချင်ပါတယ်မောင်လိုက်ပို့ပါ.

တန်ခူးလရဲ့ဒီပွဲတော်

ပျော်စရာကောင်းတယ်မောင်လိုက်ပို့မှာ

မကွေးမြသလွန်ကျောင်းတော်ရာ

သွားရောက်ကာဖူးမြော်မြင်မှာ

မုန်းချောင်းကိုကျော်တဲ့အခါ

ရောက်ပါတော့မယ်ကျမတို့ကုန်းစောင်းရွာ

ဒီနှစ်အညာနွေဦးအခါနှစ်ယောက်တွဲကာ

အတူသွားမှာ

ဒီနှစ်အညာနွေဦးအခါနှစ်ယောက်တွဲကာ

အတူသွားမှာ

မောင်ရေသွားကြစို့ကျမတို့ရဲ့အညာ

ဆူးလေကစူးလေပွေရူး

တဟူးဟူးတိုက်တဲ့အချိန်များမှာ

ထနောင်းပွင့်တွေဝေဝေဆာ

တပေါင်းရောက်ပီနွေအခါ

ချောင်းတစ်လျှောက်ဆီရေကြည်ပြာ

ရေနံစင်ကြီးများနဲ့မီးမငြိမ်းမြို့တော်

ပျော်စရာရေနံသာ

မေရေလိုက်လို့ပို့မယ်မောင်တို့ရဲ့အညာ

ပုပ္ပါးတောင်ကြီးညို့ညို့မှိုင်း

ရှု့တိုင်းလှတဲ့ဒီနေရာ

ထန်းတောကြီးတွေအုံ့ဆိုင်းဖြာ

လှည်းလမ်းခရီးရှည်ဖြောင့်ဖြူးစွာ

သာယာဖွယ်ကောင်းနေရာဟောင်းကို

အောက်မေ့လို့တစ်ခေါက်တစ်ခါ

သွားဖို့ပြင်ပါပို့ဖို့ဝန်တာမောင့်

အတွက်အသာထားပါ

ဒီနှစ်အညာနွေဦးအခါနှစ်ယောက်တွဲကာ

အတူသွားမှာ

ဒီနှစ်အညာနွေဦးအခါနှစ်ယောက်တွဲကာ

အတူသွားမှာ

မင်းဖူးကရွှေစက်တော်

ဖူးချင်ပါတယ်မောင်လိုက်ပို့ပါ

တန်ခူးလရဲ့ဒီပွဲတော်

ပျော်စရာကောင်းတယ်မောင်လိုက်ပို့မှာ

မင်းဖူးကရွှေစက်တော်ဖူး

ချင်ပါတယ်မောင်လိုက်ပို့ပါ

တန်ခူးလရဲ့ဒီပွဲတော်

ပျော်စရာကောင်းတယ်မောင်လိုက်ပို့မှာ

မကွေးမြသလွန်ကျောင်းတော်ရာ

သွားရောက်ကာဖူးမြော်မြင်မှာ

မုန်းချောင်းကိုကျော်တဲ့အခါ

ရောက်ပါတော့မယ်ကျမတို့ကုန်းစောင်းရွာ

ဒီနှစ်အညာနွေဦးအခါနှစ်ယောက်တွဲကာ

အတူသွားမှာ

ဒီနှစ်အညာနွေဦးအခါနှစ်ယောက်တွဲကာ

အတူသွားမှာ

THANK ALL

Thuu Thuu

Nhiều Hơn Từ ရန်အောင်/ပိုးအိစံ

Xem tất cảlogo
အတူတွဲကာ của ရန်အောင်/ပိုးအိစံ - Lời bài hát & Các bản Cover