menu-iconlogo
huatong
huatong
avatar

မာနရှင်

ရာဇာဝင်းတင့်huatong
ချစ်လေး💞💞🇲🇲ŠäõŤąî🇲🇲huatong
Lời Bài Hát
Bản Ghi
မာနရှင်

တေးရေး သဟာယဆရာတင်

တေးဆို ? ရာဇာဝင်းတင့်

နှစ်ကိုယ်သစ္စာ ထား ချင်ရဲ့

နွဲ့ဒေဝီမယ်ရယ်

သွေဖီနဲ့ကွယ်

မပိုင်သေးတဲ့သူမယ်

မှိုင်ငေးကာကွယ်...

တွေးရပါတော့… တယ်

ခင်မင်ကြင်နာစိတ်တွေ

တားမရတယ်

မောင့်သက်လှယ်ရယ်

မမုန်းတမ်းပ ကြံဆရွယ်

နှစ်ပါးမသွေ စုလျားရစ်ခွေ

နေချင်ပါလှတယ်

ခင်မင်ကြင်နာစိတ်တွေ

တားမရတယ်

မောင့်သက်လှယ်ရယ်

မမုန်းတမ်းပ ကြံဆရွယ်

နှစ်ပါးမသွေ စုလျားရစ်ခွေ

နေချင်ပါလှတယ်

မာနရှင်ရယ်

မုန်းမာန်မဝင်နဲ့ကွယ်

နှိုင်းယှဉ်ကာပြမယ်

ခင်ပန်ဆင်တဲ့

ပန်းတော်ဝင်နွယ်

အချိန်တန်တော့ရင်

နွမ်းပျော့မတည်မြဲတယ်

ဪ.. ခင်လည်းဒီလိုပဲလို့

စွဲမှတ်သားဖွယ်

စိတ်ကြီးဝင် မာန်ခုသူရဲ့

ချစ်မိတဲ့မောင့်ကို

သနားပါခင်ရယ်

ဖြေမဆည်နေခြည်

လွှမ်းမည့်ပုံနှယ်

ဖြေမဆည်နေခြည်

လွှမ်းမည့်ပုံနှယ်

မကြံပါနိုင်

ယိမ်းယိုင်ခွေကာနွမ်းစေဖို့

လွမ်းစတွေကကြွယ်

နှမရယ် မြင်စေချင်လှတယ်

မာနရှင်ရယ်

မုန်းမာန်မဝင်နဲ့ကွယ်

နှိုင်းယှဉ်ကာပြမယ်

ခင်ပန်ဆင်တဲ့

ပန်းတော်ဝင်နွယ်..

အချိန်တန်တော့ရင်

နွမ်းပျော့မတည်မြဲတယ်

ဪ.. ခင်လည်းဒီလိုပဲလို့

စွဲမှတ်သားဖွယ်

ကညာတစ်ပါးရယ်

စာနာသနားဖွယ်

မာနမထားသင့်ပါတယ်

ကညာတစ်ပါးရယ်

စာနာသနားဖွယ်

မာန်မာနမထားသင့်ပါတယ်

မေတ္တာတော်လည်း

တကယ်စွဲမြဲလို့

ကြည်ဖြူပါဦးကွယ်

ရွှေမြင့်မိုရ် တောင်လုံးမြတ်နွယ်

ချစ်ပါရဲ့မောင်

အဆုံးမသတ်တယ်

ရွှေမြင့်မိုရ် တောင်လုံးမြတ်နွယ်

ချစ်ပါရဲ့မောင်

အဆုံးမသတ်တယ်

ဖူးစာနတ်ရယ် ကူညီပါကွယ်

အသည်းကွဲဖို့ ချစ်သူကလွဲဖယ်

မာနရှင်ရယ်

မုန်းမာန်မဝင်နဲ့ကွယ်

နှိုင်းယှဉ်ကာပြမယ်

ခင်ပန်ဆင်တဲ့

ပန်းတော်ဝင်နွယ်..

အချိန်တန်တော့ရင်

နွမ်းပျော့မတည်မြဲတယ်

ဪ.. ခင်လည်းဒီလိုပဲလို့

စွဲ မှတ် သား ဖွယ်…

Nhiều Hơn Từ ရာဇာဝင်းတင့်

Xem tất cảlogo