menu-iconlogo
huatong
huatong
avatar

ကာဗွန်ဒိုင်အောက်ဆိုဒ်

လွှမ်u200bးပိုင်u200bhuatong
👻PoeHakPhyu👻huatong
Lời Bài Hát
Bản Ghi
ကာဗွန်ဒိုင်အောက်ဆိုဒ်

လွှမ်းပိုင်

အတိတ်ကမင်းနဲ့အကြောင်းတွေ

ကြိုးစားမေ့ကာဖျောက်လိုက်

ငါ့ခေါင်းနဲ့ ငါ့ခန္ဓာကိုယ်

အိုးစားကွဲအောင်လျှောက်ရိုက်

လမ်းတွေလျှောက်လိုက်

သတိရစိတ်တွေ ဝင်နှောက်လိုက်

တကယ်တော့အချစ်ကငါ့အတွက်

ကာဗွန်ဒိုင်အောက်ဆိုဒ်

နင်လည်း အခုဆိုရင့်ကျက်လို့နေပြီ

ငါလည်း အခုဆိုရင့်ကျက်သင့်ပါပြီ

အို ဘဝတွေခြား ဝေးသွားမှ ဘာမှားလဲအခုငါသိ

နင်လည်း အခုဆိုတခြားတစ်ယောက်ရှိလောက်ပြီ

ငါတွဲဖူးတဲ့လက်က တခြားတစ်ယောက်ဆီ

ငါယုံလိုက်ပါပြီ မင်းတို့အခုဆို

အချစ်သစ် စလောက်ပြီ

နင်ငါ့ကို မုန်း သွားတာလည်း

ဒါငါကြောင့်ပဲ ငါလုပ်တာပဲ

အို အားလုံးငါ့ရဲ့အပြစ်တွေပဲ

နင့်ချစ်သူသိဖို့ပြောချင်ရဲ့

အို နင့်ရဲ့အကြိုက်တွေ

နင်မကြိုက်တဲ့စရိုက်တွေ

အားလုံးမင်းနဲ့ဝေးစေဖို့

ကျေးဇူးပြု၍ကွာ

အို မင်းငါ့ထက်သူ့ကို မြတ်နိုးပေးပါ

ကျေးဇူးပြု၍ကွာ

အို မင်းသူ့ထက်နားလည်မှုများပေးပါ

ငါမြတ်နိုးပျိုးခဲ့တဲ့

ဒီပန်းလေး ညှိုးသွားမှာမလိုလားလို့ပါ

ကျေးဇူးပြု၍ကွာ

အဆုံးထိ မင်းငါ့လိုချစ်သွားပေးပါလို့

ဟူး ဟိုး

နားလည် ဟိုး ဟူး ဟိုး

ဟိုး ဟူး ဟိုး ဟိုးးးး

ဟိုး ဟူး ဟိုး

နားလည် ဟိုး ဟူး ဟိုး

ဟိုး ဟူး ဟိုး ဟိုးးးး

နား နာ့ နာ နာ

နာ နာ့ နာ့ နာ

နား နာ နာ့ နာ

နာ နာ့ နာ နာ

နား နာ့ နာ နာ

နာ နာ့ နာ့ နာ

နား နာ နာ့ နာ

နာ နာ့ နာ နာ

အဲဒီတုန်းက ငါ့ကိုငါထင်နေတာ ငါကမှန်တဲ့သူ

ကိုယ့်ကိုကိုယ်အမှန်နဲ့လူဆိုပြီးတော့

သူ့ကိုရန်ပဲမူ

တစ်ပင်လဲမူ နောက်တစ်ပင်ကိုထူမယ်ဆို

အဲ့သလိုမျိုးအကြံနဲ့လူ

မခံခဲ့ဘူး မင်းပြောသမျှ

တစ်ခုမှကိုငါ လက်သင့်မခံခဲ့ဘူး

ဟုတ်ပါတယ် မင်းငါနဲ့တွဲရင်

မင်းတဖြည်းဖြည်းဆုတ်ယုတ်မှာပဲ

ငါ့ဘဝထဲနင်ဝင်လာတာကိုပဲငါက

အရှုပ်ထုပ်အထာနဲ့

မင်းကိုအမြဲအလုပ်ရှုပ်တာပဲ

ပြောပြီးတော့ သမုတ်ထုတ်တာပဲ

ကိုယ့်ကိုကိုယ် အဟုတ်လုပ်ကာလည်း

အခြားသူနဲ့ဇာတ်ရှုပ်တာ

မင်းသိလို့သွားလဲ

ငါဘာများမင်းတားလို့နားလည်

ပတ်ဝန်ကျင်ပြောလို့ပြန်ကြားလဲ

ငါမင်းကိုလိမ်လည်ကာထားဆဲ

ငါသနားတယ် မင်းကိုငါတကယ်ပါသနားတယ်

အခုစဉ်းစားရင်ငါအရမ်းမှားတယ်

အချစ်စိတ်တွေမွှန်ကာသွားတဲ့

ငါကတကယ်တော့ အတ္တသမားပဲ

အရပ်ကတောင်သနားတယ်

မင်းငါ့ကြောင့်ငိုတာပိုများတယ်

မင်းငါ့ကိုလိုတာများထက်

ပိုကာချစ်တာကိုသိသားနဲ့ ငါလှည့်စားခဲ့

အချစ်ဆိုတာတကယ်အလကားပဲ

မယုံကြည်နဲ့ဆက်သွားရင်အမှားပဲ

ပတ်ဝန်းကျင်ဝိုင်းကာထားလည်း

မင်းငါ့ဘက်ကရပ်တည်ကာထားမြဲ

ဟုတ်တယ်ဒါအမှန်တရားပဲ

ဘာမှမင်းအတွက်ငါမတရားခဲ့

ဝန်ခံဖို့သတ္တိအားနည်း တောင်းပန်တယ်

မင်းထွက်မသွားပါနဲ့

ခြောက်ခြားစွာနဲ့ ငါတောင်းပန်နေတာပါ

ကျေးဇူးပြုပြီး ငါ့အနားကို ပြန်လာကွာ

ကျေးဇူးပြု၍ကွာ

အို မင်းငါ့ထက်သူ့ကို မြတ်နိုးပေးပါ

ကျေးဇူးပြု၍ကွာ

အို မင်းသူ့ထက်နားလည်မှုများပေးပါ

ငါမြတ်နိုးပျိုးခဲ့တဲ့

ဒီပန်းလေး ညှိုးသွားမှာမလိုလားလို့ပါ

ကျေးဇူးပြု၍ကွာ

အဆုံးထိ မင်းငါ့လိုချစ်သွားပေးပါလို့

ဟူး ဟိုး

နားလည် ဟိုး ဟူး ဟိုး

ဟိုး ဟူး ဟိုး ဟိုးးးး

ဟိုး ဟူး ဟိုး

နားလည် ဟိုး ဟူး ဟိုး

ဟိုး ဟူး ဟိုး ဟိုးးးး

ဟုတ်ပါတယ် ငါဟာလူဆိုးပါ

မင်းယုံတဲ့မျှော်လင့်ချက်တွေကို

အကုန်ရိုက်ချိုးကာ

တစ်နေ့မှာ သဝေထိုးကာ

မင်းရဲ့အဝေးကိုဒိုးမှာ

ဒီလိုမျိုးစိတ်ဓာတ်တွေက ဆိုးရွားခဲ့

အဲဒီတုန်းက ငါ့အချစ်က

ပုံရိပ်မထင်ပါဝိုးတဝါးနဲ့

ရိုက်စမ်းပါမကျေနပ်သေးရင်

ငါ့ပါးနှစ်ဖက်ကို တစ်ချက်စီဟာ

တကယ်တမ်းတော့ ငါ့ဆီမှာမရှိတာ

စွန့်လွှတ်ဖို့ဆိုတဲ့သတ္တိပါ

နောက်ပြီးတော့ မပြောစမ်းပါနဲ့

စကားကြမ်းတွေနဲ့ Heart ထိစရာ

ခက်ပြီကွာ ကဲ လွှမ်းပိုင်ဆိုတဲ့ကောင်

မင်းမှတ်ပြီလား

မင်းပြောသလိုသူပြန်ပြောပြီး

သူကမင်းကိုတကယ်အထင်သေးသွားပြီ

သူ့ဘဝမှာမင်းမရှိလဲအဆင်ပြေတယ်တဲ့

အို တကယ်ဝေးသွားပြီ

တကယ်ဆိုမင်းက အပြောနဲ့အလုပ်

အို တစ်စက်ကလေးမှမညီ

ဝေးရပြီ အဲ့ဒီကလေးမသည်

တစ်ချိန်တုန်းက

ငါ့ရဲ့ချစ်သူလေးကို အခုငါသတိရသည်

အတိတ်ကမင်းနဲ့အကြောင်းတွေ

ကြိုးစားမေ့ကာဖျောက်လိုက်

ငါ့ခေါင်းနဲ့ ငါ့ခန္ဓာကိုယ်

အိုးစားကွဲအောင်လျှောက်ရိုက်

လမ်းတွေလျှောက်လိုက်

သတိရစိတ်တွေ ဝင်နှောက်လိုက်

တကယ်တော့အချစ်ကငါ့အတွက်

ကာဗွန်ဒိုင်အောက်ဆိုဒ်

အတိတ်ကမင်းနဲ့အကြောင်းတွေ

ကြိုးစားမေ့ကာဖျောက်လိုက်

ငါ့ခေါင်းနဲ့ ငါ့ခန္ဓာကိုယ်

အိုးစားကွဲအောင်လျှောက်ရိုက်

လမ်းတွေလျှောက်လိုက်

သတိရစိတ်တွေ ဝင်နှောက်လိုက်

တကယ်တော့အချစ်ကငါ့အတွက်

ကာဗွန်ဒိုင်အောက်ဆိုဒ်

Thanks

PoeHakPhyu

Nhiều Hơn Từ လွှမ်u200bးပိုင်u200b

Xem tất cảlogo