menu-iconlogo
huatong
huatong
avatar

ကြိုးမဲ့စွန်

ဝိုင်ဝိုင်းhuatong
mssheliabhuatong
Lời Bài Hát
Bản Ghi
ကန်ရေပြင်ကိုကြည့်ငေးရင်း

ဒဏ်ရာတွေကိုရေတွက်နေ

ကိုယ်စီကိုယ်စီ စိတ်ကူးထဲ

ဒီအလွမ်းတွေဘယ်လိုရင်ဆိုင်ရမှာလဲ

အတူတူထိုင်နေပေမယ့်

ပင်လယ်ုပြင်တွေကွာဝေဆဲ

အိုဘယ်လိုဟန်ဆောင်လည်း

လမ်းခွဲချိန်နုတ်ဆက်အနမ်းတွေအေးစက်တယ်

မျှော်လင့်ခြင်းတွေရယ်

ယုံကြည်ခြင်းတွေရယ်

တိမ်စိုင်များလိုလေနှင်ရာပြိုကွဲတယ်

အိပ်မက်များစွာရယ်

ပျော်ရွှင်ခြင်းတွေရယ်

မြူမှုန်များလိုနေရောင်မှာပြယ်လွင့်တယ်

တမ်တွေဆီကိုပြန်ကာဝဲနေ

တို့ရဲ့ရောင်စုံအိပ်မက်စက္ကူစွန်ငယ်

အတူတူပျော်ရွှင်ပျံနေဆဲမှာ

အချစ်ကြိုးတွေပျက်သွားတယ်

လေနှင်တဲ့ဆီပြေး

ဝေးပြီကမ္ဘာတစ်ဘက်စီ

အိုရက်စက်လွန်းတဲ့ဘဝကံတရားရယ်

လေနှင်တဲ့ဆီပြေး

ကွဲပြီတို့အသည်းတွေ

မျောလွင့်နေ ကြိုးမဲ့စွန်ကလေးများရယ်

ကံကြမ္မာကိုမမြင်သေးတော့

တစ်ချိန်မှာပျော်ရွှင်ခဲ့ဖူးတယ်

ကြင်နာသူရယ်လက်များရယ်

ဒီအတိုင်းသာခိုင်မာနေဦးမှာပဲ

ဒီလိုထင်ပေမယ့်ဒဏ္ဍရီသာဖြစ်သွားခဲ့

ဒဏ်ရာတွေကိုယ်စီနဲ့

တို့လက်တွေနှုတ်ဆက်ခွဲခွာဝေးခဲ့တယ်

မျှော်လင့်ခြင်းတွေရယ်

ယုံကြည်ခြင်းတွေရယ်

တိမ်စိုင်များလိုလေနှင်ရာပြိုကွဲတယ်

အိပ်မက်များစွာရယ်

ပျော်ရွှင်ခြင်းတွေရယ်

မြူမှုန်များလိုနေရောင်မှာပြယ်လွင့်တယ်

တိမ်တွေဆီကိုပြန်ကာဝဲနေ

တို့ရဲ့ရောင်စုံအိပ်မက်စက္ကူစွန်ငယ်

အတူတူပျော်ရွှင်ပျံနေဆဲမှာ

အချစ်ကြိုးတွေပျက်သွားတယ်

လေနှင်တဲ့ဆီပြေး

ဝေးပြီကမ္ဘာတစ်ဘက်စီ

အိုရက်စက်လွန်းတဲ့ဘဝကံတရားရယ်

လေနှင်တဲ့ဆီပြေး

ကွဲပြီတို့အသည်းတွေ

မျောလွင့်နေ ကြိုးမဲ့စွန်ကလေးများရယ်

လေနှင်တဲ့ဆီပြေး

ဝေးပြီကမ္ဘာတစ်ဘက်စီ

အိုရက်စက်လွန်းတဲ့ဘဝကံတရားရယ်

လေနှင်တဲ့ဆီပြေး

ကွဲပြီတို့အသည်းတွေ

မျောလွင့်နေ ကြိုးမဲ့စွန်ကလေးများရယ်

Nhiều Hơn Từ ဝိုင်ဝိုင်း

Xem tất cảlogo