menu-iconlogo
huatong
huatong
avatar

နင်သိပ်ရက်စက်တယ်(Unicode)

ဝေလ Wai Lahuatong
sideslidincowpokehuatong
Lời Bài Hát
Bản Ghi
နင်သိပ်ရက်စက်တယ်

ဝေလ

...

မင်းတို့ရဲ့ရပ်ကွက်ထဲ

ဇိုးဘဲတွေသိပ်ပေါလို့

ခါးကြားထဲဓါးထိုးပြီးတော့

မင်းဆီလာခဲ့မလို့

အိမ်ရှေ့ထွက်ခဲ့ပါတော့

မင်းမျက်နှာလေးကိုငါငေးဖို့

မင်းနဲ့မှချစ်တတ်ခဲ့တဲ့ဘဝကို နင်သိဖို့

အကြိမ်ကြိမ်ငါ နီးဖို့ကြိုးစားလည်း

မင်းကနှာခေါင်းလေးပိတ်ကာပြေးထွက်ခဲ့

ဒီလူငိုသံဟာ မကြမ်းတမ်းဘူး...ဟေ့

လူမိုက်ကြီးတစ်ယောက်မို့ မင်းမချစ်တာလား

ဒါပေမယ့်မင်းတစ်ယောက်အတွက်ဆို

ယုန်သူငယ်လိုပါ

ငါအရမ်းချစ်ခဲ့တာပါ

ဓါးချင်းခုတ်ချိန်မှာတောင်

မင်းအကြောင်းတွေး

နူးညံ့တဲ့စိတ်ဓါတ်လေးတွေ

မင်းတစ်ယောက်အတွက်ငါ ပေးသော်လည်း

ဒဏ်ရာတွေအများကြီးရချိန်မှာ

မင်းဓါးရှမှာကိုငါ တွေးပြီးဆွေး

လူမိုက်တစ်ယောက်ကိုမချစ်နိုင်ဘူးတဲ့

ငါအသည်းနုတာ မင်းမသိပဲကွယ်

နင်သိပ်ရက်စက်တယ်

...

မင်းနှုတ်ခမ်းက ငါ့အတွက်

အပြုံးလေးတစ်ချက်ကိုမြင်ရဖို့

မင်းကြိုက်တဲ့ပန်းစည်းလေးတစ်ချို့

လက်ဆောင်ငါပေးမလို့

ငါအရဲစွန့်ခဲ့ပါတယ်

အခက်အခဲတွေများစွာကျော်ဖြတ်လို့

သွေးစွန်းတဲ့လက်နဲ့

ပေးတဲ့ပန်းကို မကြိုက်ဘူးလို့

နင်လိုကောင်မျက်နှာမွဲ

အိမ်ရှေ့မလာပါနဲ့လို့

နင်မောင်းထုတ်သော်လည်း

မင်းဟာငါ့အတွက် Beautiful

လူမိုက်ကြီးတစ်ယောက်မို့ မင်းမချစ်တာလား

ဒါပေမယ့်မင်းတစ်ယောက်အတွက်ဆို

ငါယုန်သူငယ်လိုပါ

ငါအရမ်းချစ်တတ်တာပါ

ဓါးချင်းခုတ်ချိန်မှာတောင်

မင်းအကြောင်းတွေး

နူးညံ့တဲ့စိတ်ဓါတ်လေးတွေ

မင်းတစ်ယောက်အတွက်ငါ ပေးသော်လည်း

ဒဏ်ရာတွေအများကြီးရချိန်မှာ

မင်းဓါးရှမှာကိုငါ တွေးပြီးဆွေး

နင်က ငါ့ကိုမချစ်နိုင်ဘူးတဲ့

ငါအသည်းနုတာ မင်းမသိပဲကွယ်

ငါတကယ်ကိုအရမ်းချစ်ခဲ့တာပါ

ဓါးချင်းခုတ်ချိန်မှာတောင်

မင်းအကြောင်းတွေး

နူးညံ့တဲ့စိတ်ဓါတ်လေးတွေ

မင်းတစ်ယောက်အတွက်ငါ ပေးသော်လည်း

ဒဏ်ရာတွေအများကြီးရချိန်တောင်

မင်းခလုတ်တိုက်မှာကို ငါတွေးပြီးဆွေး

လူမိုက်တစ်ယောက်ကိုမချစ်နိုင်ဘူးတဲ့

ငါအသည်းနုတာ မင်းမသိပဲကွယ်

နင်သိပ်ရက်စက်တယ်..

အိုး .. အိုး .. အိုး .. အိုး....

Thank You

Nhiều Hơn Từ ဝေလ Wai La

Xem tất cảlogo