အဖြေပြန်ရတုံးက ခရေပင်လမ်းထဲမှာ
လူတွေအများကြီးမရှိပါ
အတူလက်တွဲလမ်းလျှောက်ခါ
ကန်ဘောင်ခြေရင်းက လှေကားထစ်လေးမှာ
နေမပူလဲထီးဆောင်းကာ နေ၀င်တဲ့အထိရှိတာ
နင်အိမ်ပြန်ချိန်ရောက်ရင်
ပြည်လမ်းကားဂိတ်မှာ ငါထိုင်စောင့်ပေးခဲ့တာ
နင်မြင်အောင်လက်ပြပါ
ငါအိမ်ကိုပြန်ရောက်ရင် နင်ဖတ်ဖို့ အတွက်
ကဗျာတွေရေးထား...
ပျော်စရာကောင်းတဲ့ကမ္ဘာကြီး
ကိုယ်တကယ်ကျေးဇူးပါ
မျှော်လင့်ခြင်းအသစ်တွေ ယူလာတဲ့အတွက်
တကယ်ကိုကျေးဇူးပါ ဘယ်လိုမှမဝေးနိုင်
အိပ်မက်ထားလဲ
အိပ်မက်ရင်းနဲ့ 
အချိန်ကြာလာတဲ့တစ်နေ့ 
ကန်တော်ကြီးထဲမှာ
အတူဆုံဖို့ ချိန်းတဲ့အခါ
တစ်နေ့ လုံးမင်းရောက်မလာ
ဟိုဒီငါငေးရင်း သိမ်ဖြူလမ်းထဲမှာ
ငါဖျက်ခနဲတွေ့ လိုက်တာ
နင်တစ်ယောက်တည်းမဟုတ်တော့ပါ
လွယ်လွယ်ဇာတ်သိမ်းနဲ့ RC2 ထဲမှာ
ငါဘာမှမပြောတော့ပါ
နင်ဟာတကယ်နှုတ်ဆိတ်ခါ
ဒီချိန်တစ်ယောက်တည်းပဲ
ငါဟာ အင်းယျားလမ်းကပန်းဆိုင်ကိုသတိရ
ပျော်စရာငါ့ဘ၀ကိုလဲ
နင်ဖျက်ဆီးခဲ့တာ
မျှော်လင့်ခြင်းအသစ်တွေ ပြန်ယူသွားခဲ့
တကယ်ကိုယ်မတွေးတော့ပါ
ဘယ်လိုမှ မဝေးနိုင်အိပ်မက်ထားလဲ
အိပ်မက်ရင်းနဲ့ 
တကယ်ကိုယ်မတွေးတော့ပါ
ဘယ်လိုမှ မဝေးနိုင်အိပ်မက်ရင်းနဲ့ 
မျှော်လင့်ခြင်းအသစ်တွေနင်ယူသွားခဲ့
နင်ယူသွားခဲ့......