menu-iconlogo
huatong
huatong
avatar

မိသားစုကန်တော့ပွဲ Mi Thar Su Kan Tot Pwal

ဟင်္သာတထွန်းရင်huatong
ngsprshuatong
Lời Bài Hát
Bản Ghi
“ မိသားစုကန်တော့ပွဲ “

ဟင်္သာတထွန်းရင်

(Group Arrangement)

Singer 1(S1),

Singer 2(S2),

Singer 3(S3),

Singer 4(S4)

All (S1234)

....

(S1) လူ လား မြောက်တဲ့

အရွယ်ကတည်းကလေ

လောကဓံကို

ရင်ဆိုင်တွေ့ ကြုံခဲ့ပါပေ..

နိမ့်ချည်တခါ

သာချည်တလှည့်ရယ်နဲ့ 

သမုဒယ နယ်မှာ

ကျင်လည်ကျက်စားကာ

မအားလပ်နိုင်ရှာ ပေ..

(S2) လောကဓမ္မတာ

သောကအဖြာဖြာ

ကြုံခဲ့ ရပေ

ချစ်သော ဖေဖေ

ချစ်သော မေမေ

မတွေ့ တာကြာလေလေ

ပို၍သတိရလေလေ

ရင်၌လွယ်ဖွား သားသမီးများ က

အတိုးချ ကန်တော့ပါရစေ..

. . . .

(S3) မြင်းမိုရ်တောင်ဦး

ကျေးဇူးဂုဏ်တွေ

ဆပ်လို့မကုန်ပေ

သီတာရေ တပေါက်ကလေး

ကျရုံမျှနဲ့

မိဘတို့ဝမ်း မငြိမ်းချမ်းပေ

ဖ၀ါးလက်နှစ်လုံး

ပုခုံး လက်နှစ်သစ်

ဝါးဖက်တော်ကစီနှစ်နဲ့ 

လူဖြစ်အောင်ကျွေး

မှတ်ခြင်ယင် မသန်း ရအောင်

ပင်ပန်းကြီးစွာ

မွေးမြူရပေ…

(S4) မေမေ့ ကျေးဇူးဂုဏ်တွေ

ရည်မျှော်မှန်းလို့

သား ကန်တော့ပါတယ်လေ

ကျေးဇူးရှင် ဖေဖေ နဲ့မေမေ

. . . .

(S2) ငယ်စဉ်တောင်ကျေး

ကလေးဘ၀က

တေးဆိုလို့ ချော့မြှူပုံတွေ

မှတ်မိနေသေးပေ

ခိုဖြူ ခိုပြာ ခိုဝါနက်ကယ်

အဖမ်း ခက်လို့ ဆိုတဲ့အသံတွေ

(S1) မိတ္တီလာကန်တော်အောက်က

ဖား ကလေးတွေ

ကောက်ကာ ပေးဖို့ 

မှာလိုက်တဲ့အသံလေး တွေ

သမီးဖြင့်ကြားယောင်မိတယ်လေ..

. . . .

(S4) ကလလရေကြည်

သြော် သန္ဓေတည်ကတည်းက

ပူငံစပ်ခါး ရှောင် ရှားကာလေ..

မကောင်းမြစ်တာ ကောင်းရာညွှန် လို့

ရင်းနှီးပေးဝေ

အတတ်ကိုလည်း သင်စေ

ထိမ်းမြားခြင်း ၀တ်ငါးအင်

ကျေပွန်ပါပေ..

ကြီးမားသောမေတ္တာမျိုးနဲ့ 

သားသမီးဆိုးတွေကိုလည်း

ပြစ်ရိုးထုံးစံမရှိခဲ့ပေ..

(S3) တို့ဘုရားသော် မှ

နို့တစ်လုံး ဖိုးကြေ

အနန္တဂိုဏ်းဝင်

ကျေးဇူးရှင်မိဘနှစ်ပါးကို

သား ကန်တော့ပါတယ်လေ...

. . . .

(S1234) တအူတုံဆင်း

တို့ မောင်နှစ်မရင်းတွေ

ချစ်ခြင်းမေတ္တာ အဓိကထားလို့ လေ..

ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ 

သြ၀ါဒစကား…

မကြားရတာ ကြာခဲ့ပြီလေ

ချစ်သော ဖေဖေ

ချစ်သော မေမေ

သားတို,့ သမီးတို့

လက်ဆယ်ဖြာယှက်ကာမိုးလို့ 

ရှစ်ခိုးလို့ကန်တော့ပါရစေ

ကျေး ဇူး ရှင်, ဖေဖေနဲ့မေမေ

ကျေး ဇူး ရှင်, ဖေဖေနဲ့မေမေ

ကျေး ဇူး ရှင်, ဖေဖေနဲ့မေမေ

ကျေး ဇူး ရှင်, ဖေဖေနဲ့မေမေ

ကျေး ဇူး ရှင်, ဖေဖေနဲ့မေမေ

ကျေး ဇူး ရှင်, ဖေဖေနဲ့မေမေ

hhaung25

Enjoy!

ပြီးပြီ။

Nhiều Hơn Từ ဟင်္သာတထွန်းရင်

Xem tất cảlogo