အသည်းနုသည်ဖြေးဖြေးမုန်း
ရေး..ဂီတစာဆိုမောင်ကြေးမှုံ
ဆို.ဟင်္သာတထွန်းရင်
🙋🏻ဟေး ကိုရင်
💁🏻♂️ဟာကြည့်စမ်းမမိုးမြို့က
လိုက်လာတယ်ဟုတ်လား
🙋🏻အင်းပေါ့အင်းပေါ့
လှည်းမစီးဖူးလို့လိုက်လာတာလေ
💁🏻♂️ဟောလုပ်ပြီ
🙋🏻အလကားပြောတာ
မမိုးသူ့ကိုလွမ်းလို့
💁🏻♂️တစ်ကယ်
🙋🏻တစ်ကယ်ပေါ့
💁🏻♂️ဪမမိုးရယ်
လှည်းယာဉ်ကြော့ရယ်နဲ့
လိုက်ခဲ့ပါလားမြို့ကြီးသူရယ်
အစကခြေသတင်းကြီးတဲ့
မမရွှေမင်းသမီးမြို့ကြီးသူရယ်
မင်းတို့စိမ်းတဲ့အသည်းနဲ့
လယ်ယာမြေစိမ်းစိမ်း
မနှိုင်းယဉ်သာပါဘူး
လည်းယာဉ်ကြော့ရယ်နဲ့
ရောက်ဖူးအောင်
လိုက်ပြပါ့မယ်ကွယ်
လှည်းယာဉ်ကြော့ရယ်နဲ့
လိုက်ခဲ့ပါလားမြို့ကြီးသူရယ်
အစကခြေသတင်းကြီးတဲ့
မမရွှေမင်းသမီးမြို့ကြီးသူရယ်
မင်းတို့စိမ်းတဲ့အသည်းနဲ့
လယ်ယာမြေစိမ်းစိမ်း
မနှိုင်းယဉ်သာပါဘူး
လည်းယာဉ်ကြော့ရယ်နဲ့
ရောက်ဖူးအောင်
လိုက်ပြပါ့မယ်ကွယ်
🙋🏻အမလေး လှည်းကို
ဖြေးဖြေးမောင်းပါ ကိုရင်ရယ်
တကတဲ သူ့လှည်းကြီးစီးရတာ
ရင်တွေကိုအောင့်နေတာပဲ
ဇိမ်မရှိလိုက်တာတော်
💁🏻♂️ဟား ဟား ဟား
အောင်မလေး မမိုးရယ်
စီးတတ်လို့ရှိရင်
ဇိမ်တောင်ရှိပါသေးတယ်ဗျ
အစမို့ပါ
🙋🏻အင်းသူမှအပြောကောင်း
💁🏻♂️နွားညို နွားပြာ
လှည်းယာဉ်ကလေးကို
စီးရတာရင်အောင့်သတဲ့ခင်ဗျာ
မြို့ပေါ်က မာစီတီးနဲ့
ချက်ဘလက် ကိုရိုလာ
မယှဉ်သာပါဘူး
မြို့ကြီးသူ မမတို့ရယ်
နန်းမဆန်ပါနဲ့မြန်မာပီသစမ်းပါ
မမိုးရေ
🙋🏻ကိုရင်
💁🏻♂️မှတ်ထားနော်
🙋🏻အင်း
💁🏻♂️အဲဒါစပါးပင်လို့ခေါ်တယ်
🙋🏻စပါးပင်
💁🏻♂️စပါးပင်ဆိုတာမမိုးတို့စားနေတဲ့
ဆန်စေ့ကလေးတွေကဖြစ်လာတဲ့
အပင်ပေါ့
🙋🏻အမလေး ဒီလောက်လည်း
ဘဝကိုမေ့တတ်တဲ့ မြို့ကြီးသူ
မဟုတ်ပါဘူးကိုရင်ရယ်
ကျေးတောကိုချစ်တဲ့
မြန်မာမလေးစစ်စစ်ပါကိုရင်ရဲ့
💁🏻♂️ဟုတ်လား
🙋🏻ဟုတ်တာပေါ့
💁🏻♂️မသိပါဘူးဗျာ
ဆန်ဆိုတာစပါးကဖြစ်သတဲ့
စပါးဆိုတာလယ်ကွင်းထဲမှာ
ရှိသတဲ့ကွာ
မသိရင်မှတ်သားထားကြပါ
မျှော့ဆိုတာမြို့ကဝယ်ပြီးရောင်းတဲ့
ကြေးအိုးခေါက်ဆွဲထဲက
ဗီတာမင်အဖြစ်စားစရာပါ
စားဖူးရဲ့သားနဲ့
မူပလီမလုပ်နဲ့ မြို့ကြီးသူရာ
မမိုးရေ တောသားကိုရင်ကို
အိမ်မက်ပေးသလို
ကိုယ်ရောင်လာပြပြီး
သူပြန်သွားပြီပေါ့
အင်းလေ....ဒါပါပဲလေ
မင်းနှလုံးသားမှာ
ရွှံ့စင်သွားမှာစိုးလို့
မင်းမြို့ကိုပြန်သွားတာမဟုတ်လား
မမိုး ဟင်
သိပါတယ်ဗျာ
သိပါတယ်သိပါတယ်
ⓤⓟⓛⓞⓐⓓⓔⓡ
ⓝⓨⓔⓘⓝ😍😍😍
မမမြို့ကြီးသူရေ
အိမ်မက်ပေးသွားတဲ့
မြို့ကြီးသူမမချောရေ
မင်းပြန်သွားတဲ့
လှည်းလမ်းကြောင်းက
ဖုန်လုံးကြီးတွေ ငေးကာလွမ်း
လွမ်းမျက်ရည်ဝေ့တယ်လေ
လွမ်းကျန်သော
တောသားလေးဘဝ
မင်းမသိပါလာလေ
🙋🏻ကိုရင်ဒီစာကို
ဖတ်နေရတဲ့အချိန်မှာ
လူကြီးတွေသဘောတူတဲ့
ကိုဇော်ဆိုတဲ့လူနဲ့
မမိုး မမိုးလက်ထပ်ပြီးပါပြီ
ဒီတစ်ခါတောကိုလာလည်ရင်လေ
ကိုဇော့်ကိုပါခေါ်လာခဲ့မယ်နော်
တစ်ကယ်တော့
ချစ်တာနဲ့လက်ထပ်တာဟာ
တစ်ခြားစီပါပဲကိုရင်ရယ်
မမိုးလေ မမိုး ကိုရင်ကို
ဘယ်တော့မှမမေ့ဘူးသိလား
မမိုး...
💁🏻♂️အပြောကြွယ်လှချည်လား
မမိုးရယ်
မင်း မင်းလက်ထပ်သွားပြီပေါ့
ဟုတ်လား
မုန်းမယ့်မုန်းရင်လည်း
အသည်းနုတဲ့တောသား
ကျေးတောသားအရိုင်းအစိုင်း
ကလေးကို
ဖြေဖြေးမုန်းပါလို့
တောင်းပန်လျှက်နဲ့
အခုတော့လည်းမမိုးရယ်
အခုတော့လည်း
ဟာ.....
🎼🎹🎼🎹🎼🎹🎼🎹
💁🏻♂️အချစ်ရဲ့ကျေးကျွန်
အရိုင်းလေးကိုဖြင့်..
ပစ်ပြေးခဲ့ပြီ....အချစ် ဖြေမဆည်
ဪ ပစ်ပြေးတဲ့ မာယာဒေဝီ
စိမ်းလေသူကြီးရယ်လေ...
ဝေးဝေးပြေးခဲ့ပြီ
ဘယ်လိုပုံဘယ်လိုဖြေလို့
ဘယ်လိုနေရမှာလဲ
ပြောစမ်းပါဦးမြို့ကြီးသူမမစိမ်း
အမုန်းလှဒေဝီ
အသည်းနုတဲ့တောသားလေးမို့
ဖြေးဖြေးငိုရင်းလွမ်းပါရစေ
ဪ မြို့ကြီးသူမမမုန်း
မြို့ကြီးသူ မုန်း.... မမပလီ
ကျေးဇူးတင်ပါတယ်...ငြိမ်း...