menu-iconlogo
huatong
huatong
avatar

နှလုံးသားရဲ့နေရာတိုင်းမှာ

ဟဲလေး/မို့မို့huatong
ANChan✰✰✰huatong
Lời Bài Hát
Bản Ghi
“နှလုံးသားရဲ့နေရာတိုင်းမှာ”

တေးဆို ~ ဟဲလေး + မို့မို့

မင်းနဲ့တို့ရဲ့ ဇာတ်လမ်းလေးတွေ

အဆုံးသတ်ရမယ့် အခိုက်တန့်မှာ

လမ်းခွဲနှုတ်ဆက် ဒီအချိန်လေး

ဝေးရတော့ မှာလား...

ပြောင်းလဲခြင်းရဲ့ အခြားတစ်ဖက်မှာ

အသည်းကွဲခဲ့တဲ့ တို့နှစ်ယောက်ဟာ

ရက်စက်လွန်းတဲ့ ကံကြမ္မာရဲ့

လှည့်ကွက်တို့ အလယ်မှာ...

တို့နှစ်ယောက် တကယ်ကို

ဝေးကြပြီကွာ

သိပ်ချစ်ရဲ့နဲ့ ခွဲခွာ...

အခုတော့ကိုယ်လေ ရူးတော့မယ်ကွာ

ခံစားချက်တို့ အလယ်မှာ...

နှလုံးသားရဲ့ နေရာတိုင်းမှာ

မင်းလေးရဲ့ ပုံရိပ်များစွာ

ဝေးသွားတော့ ကိုယ်တစ်ယောက်ထဲ

ရင်မှာတကယ်ကို လွမ်းလို့နေခဲ့တာ

မင်းအနားနား နေချင်လဲကွာ

မဖြစ်တဲ့ဘ၀ စာနာပေးပါ

မပြောင်းလဲတဲ့ အချိန်ခဏလေး

ရင်မှာတကယ်ကို ချစ်မိနေဆဲပါ...

ချစ်ခဲ့ကြတဲ့ နေ့ရက်တွေ

လွမ်းခဲ့ရတဲ့ အခိုက်အတန့်မှာ

တမ်းတခဲ့တဲ့ အကြင်နာများ

နောက်ထပ် မရနိုင်တာ...

ပြောင်းလဲခြင်းရဲ့ အခြားတစ်ဖက်မှာ

အသည်းကွဲခဲ့တဲ့ တို့နှစ်ယောက်ဟာ

ရက်စက်လွန်းတဲ့ ကံကြမ္မာရဲ့

လှည့်ကွက်တို့ အလယ်မှာ

တို့နှစ်ယောက် တကယ်ကို

ဝေးကြပြီကွာ

သိပ်ချစ်ရဲ့နဲ့ ခွဲခွာ...

အခုတော့ကိုယ်လေ ရူးတော့မယ်ကွာ

ခံစားချက်တို့ အလယ်ထဲ...မှာ..

နှလုံးသားရဲ့ နေရာတိုင်းမှာ

မင်းလေးရဲ့ ပုံရိပ်များစွာ

ဝေးသွားတော့ ကိုယ်တစ်ယောက်ထဲ

ရင်မှာတကယ်ကို လွမ်းလို့နေခဲ့တာ

မင်းအနားနား နေချင်လဲကွာ

မဖြစ်တဲ့ဘ၀ စာနာပေးပါ

မပြောင်းလဲတဲ့ အချိန်ခဏလေး

ရင်မှာတကယ်ကို ချစ်မိနေဆဲပါ..

ဟူ.. ဟူး..ဟူး..ဟူ..

ဟိုး.........ဟူး........

ဟိုး..ဟိုး.. ဟူး...ဟူး...

နှလုံးသားလေးရဲ့

နေရာတိုင်းမှာ

မင်းပေးခဲ့တဲ့ အချစ်များစွာ

သေရာပါအောင် လွမ်းလွန်းတဲ့အခါ

အသိမှတ်ပြုမှာလား....

နှလုံးသားလေးရဲ့

နေရာတိုင်းမှာ

မင်းပေးခဲ့တဲ့ အချစ်များစွာ

သေရာပါအောင် လွမ်းလွန်းတဲ့အခါ

အသိမှတ် ပြုပါ့မလား.....

ဟူး... ဟူး... ဟူ...

ဟား... ဟား.. ဟာ....

Nhiều Hơn Từ ဟဲလေး/မို့မို့

Xem tất cảlogo