အလွမ်းဒိုင်ယာရီ
စည်သူမင်း, ဒိုးပတ်, အာဒံ, အေသင်ချိုဆွေ
ဒူး ဒူ ဒူ ဒူး ဒူး ဒူ
ဟား...ဟာ...ဟား...ဟာ
ဟူ...ဟူး...ဟူး...ဟူ....
မြိုသိပ်ကာ ထားလိုက်တော့မယ်
ငါငိုနေတယ်ဆိုတာနင်သိအောင် ဘယ်လိုပြောမလဲ
တိုးတိုးတိတ်တိတ်ပျက်စီးသွားတဲ့
အခိုက်အတန့်တွေ
ပျော်ရွှင်စရာတွေစုဗူးးထဲထည့် သိမ်းလို့
နင့်ဘေးနား ခဏထားခဲ့မယ်
ငါ့ရဲ့စိတ်ဝိဉာဉ် ကိုယ်ပွားငယ်
နှလုံးသားလေးအတွက်
ပြန်လာချိန်ထိ စောင့်နေဖို့ယုံကြည်ထားတယ်
သေချာနေပြီ အနာဂတ်တစ်ခုလုံး...
ငွေမှင်ရောင်ပိုးသားပေါ်ဆန်တက်
သမုဒ္ဓရာကိုဖြတ်ပျံသွားတာ
တိုင်းတစ်ပါးသို့ပညာရှာ
ယုံကြည်စွာ နှလုံးသားကိုအပ်နှံထားပါ
စက္ကန့်များ တစ်ချက်ချက်နားမှာ
မရပ်မတန့်အဆက်မပြတ်အထပ်ထပ်ကြားလာ
ဒေသတွေကန့်သတ်ထားပါစေ
သူ့ပါးအစားထိုးနမ်းရန် အခြားမရှာ
သူစာတွေ ကျက်နေတဲ့အချိန်
အလုပ်တွေကို ကျွန်တော်ကြိုးစားမယ်
အပျော်ပါးလည်း မက်မနေတော့ပါ
ဗရုတ်တွေကို လျှော့လို့ထားတယ်
မျက်ရည်တော့ ကျမှာဟေး
လွမ်းနေသော ညမှနေ့
မနက်ခင်း တွေ အစောကြီးထဘုရားရှိခိုး
အလှမ်းဝေးသော ဘဝကေန
အမြန်ဆုံး ကျွတ်လွတ်ပါစေ
သူကျမ်းမာပါစေ ဆုတောင်း
ဒိုင်ယာရီ စာအုပ်ထဲမှာ
အမှတ်တရကဗျာတွေ စုဆောင်း
ပြန်လာချိန် ပန်းစီးနဲ့ ကြိုဖို့
ဧည့်ခန်းမှာ ပန်းတွေစိုက်ထားတယ်
ဗွီဒီယိုကောမှာ နှုတ်ခမ်းတွေပြုံးနေတယ်
တကယ်တမ်းက
အလွမ်းတွေ အတိုင်းအဆမဲ့
အလွမ်းလေးတွေ စိုနေတဲ့ ပြက္ခဒိန်ရယ်
ငိုနေတဲ့ အို ဒိုင်ယာရီလေးတိတ်လိုက်ပါကွယ်
ဝေးနေတုန်း စက္ကန့်တွေရယ်
ဘာကြောင့်မို့ သိပ်နှေးတာလဲ
မေးနေမိတယ်
အချိန်တွေကိုအမြန်ကျော်ပြီး သွားချင်တယ်
ပြန်ကာပြေးလာမယ် မင်းဆီကိုရောက်ဖို့
အလွမ်းတွေ ခြောက်လှန့်လို့
ညဥ့်နက်တွေ သိပ်ကြောက်နေတယ်
အတူတူလျှောက်ခဲ့တဲ့ ဒီလမ်းတို့
ခေရေတွေ မြေမှာလေ ကြွေနွမ်းလို့
ရင်ခုန်သံဟောင်းလေးများအား
သဲ့သဲ့ကြားနေသလို...မျိုး
အတူတူကြည့်ကန်ရေပြင် နံဘေးမှာ
သူဖျော်တိုက်ခဲ့တဲ့ ကော်ဖီလေးသတိရ
ပြောမထွက်ခဲ့တဲ့ စကားလုံးတွေရေရွတ်ကာ
စိတ်အတွေးနဲ့ ပင်လယ်ကိုဖြတ်သန်းပြီး
မိုင်ထောင်ချီဝေးကွာလည်း မင်းအနားကို
ပြေးပြေးလို့သွားခဲ့တာ
ငါ့ဘဝထဲ ဒုတိယအကြိမ်ရောက်လာဖို့
မျှော်နေတယ် မင်းဘက်က ရင်ခုန်သံ
သွေးအေးလို့မသွားနဲ့ကွာ
နှလုံးသားမှာ ဒဏ်အစုံရနေ
ကြွေကွဲခြင်း မာန်ဟုန်ကြွနေ
ကံမကုန်ရင် ပြန်ဆုံပါရစေ
ဆုတောင်းနေဆဲ ရန်ကုန်ကနေ
ဘာအတွက် ဒီလိုဝေးကွာ
ငါ့ဘက်ကို လာရပ်နေလို့ပေးပါ
သီချင်းတွေပဲ ငါစပ်နေလို့ရေးတာ
မင်းမရှိတော့ ကမ္ဘာပျက်နေလို့ဆွေးစရာ
အတွေးမှာဟေ့
မင်းအပြုံးတွေ အရင်လိုပြေးရှာ
သတင်းမုန်းတွေ မလိုချင်လို့ပေးတာ
အပိုထင်လို့ဘေးမှာ ငြိုငြင်လို့ဝေးကွာ
မင်းအတွက်သီချင်း ဆိုချင်လို့ကလေးရာ
ခေတ်တစ်ခေတ်ရဲ့ကြား အပြစ်ဖြစ်ခဲ့လား
မင်းရောအခုပြောပါ အချစ်သစ်နဲ့လား (အို)
ရိုးမြေကျ ကတိတွေပေးခဲ့ပြီးမှ
ကျွန်တော်ကသူ့အတွက် အသင့်မဖြစ်ကာထား
အတူရှိခဲ့နေ့ရက်တွေကို
စာစီလို့လွမ်းတာ ဆုံမသွား
မထင်မှတ်ပဲ သတိရခဲ့ရင်
မြန်မာပြည်သို့ လှမ်းလာဦးမလား
ကောင်းကင်ကို ပေလွှာအဖြစ်ထား
ကြယ်တွေကို စာစီပြီး လွမ်းပြချင်တာ
ကျခဲ့ရတဲ့ မျက်ရည်သည်
အချစ်စစ်တစ်ခုအတွက် သက်သေတည်
အဝေးရောက်ကျလို့ အတောင်တွေဖျံ့ကာ
မိုးမြေကို ကြေငြာပစ်မှာ
ယုံကြည်ပါ သူတစ်ယောက်တည်းနှလုံးသားဆီမှာ
နောက်ထပ်မရှိနိုင်တော့တဲ့ သစ္စာတရား
အလွမ်းလေးတွေ စိုနေတဲ့ ပြက္ခဒိန်ရယ်
ငိုနေတဲ့ အို ဒိုင်ယာရီလေးတိတ်လိုက်ပါကွယ်
ဝေးနေတဲ့ စက္ကန့်တွေရယ်
ဘာကြောင့်မို့ သိပ်နှေးတာလဲ
မေးနေမိတယ်
အချိန်တွေကို အမြန်ကျော်ပြီး သွားချင်တယ်
ပြန်ကာပြေးလာမယ် မင်းဆီကိုရောက်ဖို့
အလွမ်းတွေ ခြောက်လှန့်လို့
ညဥ့်နက်တွေ သိပ်ကြောက်နေတယ်
အတူတူလျှောက်ခဲ့တဲ့ ဒီလမ်းတို့
ခေရေတွေ မြေမှာလေ ကြွေနွမ်းလို့
ရင်ခုန်သံဟောင်းလေးများအား
သဲ့သဲ့ကြားနေ သလို...မျိုး
အတူတူကြည့် ကန်ရေပြင်နံဘေးမှာ
သူဖျော်တိုက်ခဲ့တဲ့ ကော်ဖီလေးသတိရ
ပြောမထွက်ခဲ့တဲ့ စကားလုံးတွေရေရွတ်ကာ...