menu-iconlogo
huatong
huatong
avatar

တံငါသည်သား

ကောင်းကောင်းhuatong
🇨🇳ဝေမှိုင်းညို🎸🇨🇳huatong
Lời Bài Hát
Bản Ghi
တံငါသည်သား

ကောင်းကောင်း

မိုးစက်တို့အဆက်မပြတ်ရွာသွန်းးး

ဝမ်းရေးအတွက်

ရတက်မအေးရှာဘူးလေ

မြစ်ချောင်းအင်းအိုင်ထဲ

ငါးမျှားချိတ်တွေချ

အန္တရာယ်များလည်းမမှု

ကြိုးစားရုန်းကန်သူ

ငါးတွေကိုပလိုင်းထဲထည့်ပိုးး

ဈေးမှာကိုယ်တိုင်ရောင်းပြီးး

အမေ့ကိုငွေပြန်အပ်တဲ့

ရိုးသားတဲ့ပဲ့ကိုင်ရှင်

တံငါသည်သားဖြစ်ရလည်း

ဂုဏ်ယူတယ်

မျှော်လင့်ခြင်းနဲ့ကျတဲ့ ချွေးတွေ

တစ်နေ့ရပ်ရမယ်

အရောင်မှိန်ထွန်းညှိပေးတဲ့

အဖေ့ရဲ့အလင်းရောင် ဟာ

တစ်နေ့တောက်ပလာအောင်

သားကြိုးစားမယ်အဖေ

ဒီကမ္ဘာမြေပြင်ပေါ်ရှင်သန်ခွင့်ရသရွေ့

သားဘဝမမေ့ပါအဖေ....

ဆောင်းမနက်ခင်း

ခိုက်ခိုက်တုန်လည်း

နွားတစ်ရှဉ်းနဲ့ မမောတန်းထွန်ယက်

ထမင်းနပ်မှန်ဖို့ ဝီရိယတွေအပြည့်

လယ်သူရင်းငှါးဘဝနဲ့

လုပ်ကျွေးရှာတဲ့

အအေးပိုတဲ့ဆောင်းညတွေထဲ

မလုံ့တလုံအဖာအထေးနဲ့

အနွေးထည်ကိုခြုံရင်းနဲ့

သားသမီးသာနွေးပါစေ

လယ်သူရင်းငှါးသားဖြစ်ရလည်း

ဂုဏ်ယူတယ်

မျှော်လင့်ခြင်းနဲ့ကျတဲ့ ချွေးတွေ

တစ်နေ့ရပ်ရမယ်

အရောင်မှိန်ထွန်းညှိပေးတဲ့

အဖေ့ရဲ့အလင်းရောင် ဟာ

တစ်နေ့တောက်ပလာအောင်

သားကြိုးစားမယ်အဖေ

ဒီကမ္ဘာမြေပြင်ပေါ်ရှင်သန်ခွင့်ရသရွေ့ 

သားဘဝမမေ့ပါအဖေ....

တစ်လောကလုံး

ခြောက်သွေ့စေသောနွေ

သံတူရွင်းလေးပုခုံးထက်တင်ပြီး

ဂဝံကျောက်လုပ်ကွက်ထဲ

တစ်နေကုန်တူးရရှာတဲ့

အသားမာတက်တဲ့

လက်ဖဝါးပေါက်ပြဲကုန်ပြီ

ဒီလောက်တောင်ပူပြင်းတဲ့နေဟာ

ရင်ဘက်ကအပူမီးနဲ့ နှိုင်းယှဉ်ရင်

အမှုန်အမွှားလို့

သဘောထားတဲ့အဖေ့ရဲ့သွေး

ကျောက်တူးသမားသား

ဖြစ်ရလည်းဂုဏ်ယူတယ်

မျှော်လင့်ခြင်းနဲ့ကျတဲ့ ချွေးတွေ

တစ်နေ့ရပ်ရမယ်

အရောင်မှိန်ထွန်းညှိပေးတဲ့

အဖေ့ရဲ့အလင်းရောင် ဟာ

တစ်နေ့တောက်ပလာအောင်

သားကြိုးစားမယ်အဖေ

ဒီကမ္ဘာမြေပြင်ပေါ်ရှင်သန်ခွင့်ရသရွေ့

သားဘဝမမေ့ပါအဖေ....

ဟူး...ဘဝမမေ့ပါဘူးးးး

Nhiều Hơn Từ ကောင်းကောင်း

Xem tất cảlogo