menu-iconlogo
huatong
huatong
--cover-image

စန္ဒကိန္နရီ

မေလသံစဉ်huatong
AyeKyaw(UOo)huatong
Lời Bài Hát
Bản Ghi
စန္ဒကိန္နရီ

မေလသံစဉ်

ⓛⓝⓣⓡⓞ 0း 19

Uploader Aye Kyaw

⭐ ⭐ ⭐ ⭐ ⭐

🎵 🎶 🥁 🎶 🎵

ဂန္ဓမာစန္ဒာတောင် စုံမြိုင်တန်းမှာ

ဖူးပွင့်ကြတဲ့ ပန်းမာလာ

သင်းးရနံ့ ကဖြာ

ငှက်ပေါင်းရဲ့သာရကာ သံစာစာနဲ့ 

မြူးတူးပျော်ကြရှာ

မြောင်ဖီလာ သီတာဗွေစွန်ရေတံခွန်ဖြာ

မြအသွေးရယ် ကြည်လင်စွာ

ခွေကာရစ်လည် မြစ်နဒီစန္ဒပါ

သဲငွေသောင် သောင်ယံဦးမှာ

စန္ဒာစန္ဒီ ကိန္နရီတို့မျာ

ပန်းပေါင်းအထွေထွေ ပြာရွှေနီဝါ

ဆင်မြန်းကာပဲ ကခုန်မြူးရှာ

နန်းမူနန်းယာ ဆန်လှတာ

ရွှေလည်တွဲလို့ ချစ်ပွဲခံကာပျော်ကြရှာ

🎷SourceⓜⓤⓢⓘⓒInternet🎷

လှမ်းမယ်ပ

မြန်းစို့ကိန္နရီ ကိန္နရာတူမကွာ

တွဲကာနွှဲကာ ၀ဲကာပျံကြ

တွဲကာနွှဲကာ ၀ဲကာပျံကြ

ပန်းစုံစွာဂနိုင်တွင်း ကြိုင်သင်းလို့ပါ

ပန်းစုံစွာဂနိုင်တွင်း ကြိုင်သင်းလို့ပါ

ဖိုမသံ ခေါ်ထူးလို့သာ

ငွေသောင်ယံ ရွှေတောင်ပံ

မခွဲရက်အောင် တွဲယှက်ပျော်တာ

ထိုစဉ်အခါ ဗာရာသနင်း

မင်းဗြဟ္မဒတ် ဘုရင်ရာဇာ

အဖော်မပါ တကိုယ်ထဲသာ

လေးတော်ထမ်းကာ မြိုင်တန်းဟေမ၀ါ

ရောက်လို့ လာတာ

ကိန္နရီကိန္နရာ နှစ်ဖော်ကြင်ယာ

ပျော်ရွှင်နေတာ မြင်လိုက်တော့ကာ

မင်းဘုရင်အတင်းပင် မြိုင်နန်းသူကိန္နရီ

ဒေ၀ီခင် ရဲ့အပေါ်

မေတ္တာတော် မျှဖို့ ကြံတာ

သူ့လင်သက်ဝေ ချစ်သူဆွေကို

ဇီဝိန်ကြွေအောင် စိန်စက်မြှားနဲ့ 

တအားပဲပစ်ကာ သနားမညှာ

မင်းဗြဟ္မဒတ်ရာဇာ..

အို..​ငွေမှုန်ကြဲ သဲသောင်ယံမှာ

လောင်းမြတ် ကိန္နရာ

အို..မြှားနဲ့ခွင်းပါလို့

ချစ်မယားမှာ သောကဖြာ

စီးးကျမျက်ရည် အထွေထွေ

လင်ရွှေတုံး မမုန်းမယ့်သက်လျာ

အို..ဆုံးပေါ့တခါ

အသည်းအူ ပူအောင်ဖန်လို့လာ

ပွေ့ယူ ရင်ခွင်ထဲမှာ

ငိုမစဲ ရှိုက်ငင်သည်းထန်စွာ

🎷SourceⓜⓤⓢⓘⓒInternet🎷

သည်အခါတွင်

ဗြဟ္မဒတ်ဘုရင်မင်း မျက်နှာချိုသွင်းကာ

ချစ်စကားပြောလို့ အနားကိုကပ်ကာ

ပျိုကိန္နရီ မောင်ဘုရားကိုသနား

မေတ္တာတော်မျှပါ

မိဖုယားမြှောက်ကာ လက်ျာထားမှာ

ရက်စက်စွာ ပြောသော်လည်း

ချစ်လင်ကလွဲ ဖွဲဆန်ကွဲထင်တာ

ရက်စက်စွာ ပြောသော်လည်း

ချစ်လင်ကလွဲ ဖွဲဆန်ကွဲထင်တာ

ငြင်းးအတင်း မချစ်နိုင်ပါ

သေပေမယ့်လည်း

မခွဲခွါဘူး မယ့်ချစ်ဦးသာ

သစ္စာဆို တိုင်တည်ထား

သိကြားမကာ အသက်ရှင်လာ

ပျော်မြူးစွာ ကိန္နရီကိန္နရာ

မောင်မယ် ချစ်ကြောင်း

နှစ်ပေါင်း တထောင်ပင်ကြာ

⭐ ⭐ ⭐ ⭐ ⭐

🎵 🎶 🥁 🎶 🎵

By👦AyeKyaw🌿greentiger

Nhiều Hơn Từ မေလသံစဉ်

Xem tất cảlogo