menu-iconlogo
huatong
huatong
avatar

မီးတောင်နဲ့ပင်လယ်ရှိတဲ့အခန်း

ဝေလhuatong
HeinTayzar😎😎huatong
Lời Bài Hát
Bản Ghi
အခန်းထဲမှာ

တစ်ခြမ်းပဲ့ ယပ်တောင် တစ်ချောင်းနဲ့

ပန်းသီးပုပ် တစ်လုံးနဲ့

နာရီသံတွေ သေဆုံးအေးခဲ

ကွေးကောက်တွန့် လိပ်သွားတဲ့

အသေးစား အတ္တများက

ဖုန်တွေပေပြီး လဲလျောင်းနေတယ်

အခန်းထဲမှာ

ထင်းရူးသေတ္တာ တစ်လုံးထဲ

ကက်ဆက်တိပ်ခွေ တစ်ချို့ နဲ့

ရင်ခုန်သံတွေ ကြပ်ခိုးမှိုင်းစွဲ

ခရီးသွား မိုးတိမ်တစ်ခုက

တံခါးပေါက် နားမှာရပ်လို့

ဘာတွေရှိမလဲ ချောင်း ကြည့်နေတယ်

အခန်းထဲမှာ

ပိုးစားပဲ့ကြွေသွားတဲ့

နှစ်ချို့ ပြက္ခဒိန် အဟောင်းရယ်

ဘာသာပြန်ရင် ရှုပ်ထွေးသွားမယ်

မီးတောင်သေ ကြီးတစ်ခုလို

အားလုံးကို လျှို့ဝှက်ထားတယ်

အခန်းထဲမှာ

အခန်းထဲမှာ

ဓားထက်ထက် တစ်ချောင်းနဲ့

မှားလက်စတွေ ပြည့်နက်

ဒဏ်ရာတွေကို ချိတ်ဆွဲထားတယ်

စိတ်ထည့် ကူးခတ်ရင်းနဲ့

အမောဆို့ နစ်မြုပ်သွားတဲ့

ပင်လယ်တစ်ခုလည်း ရှိလို့နေရဲ့

အခန်းထဲမှာ

ထင်းရူးသေတ္တာ တစ်လုံးထဲ

ကက်ဆက်တိပ်ခွေ တစ်ချို့ နဲ့

ရင်ခုန်သံတွေ ကြပ်ခိုးမှိုင်းစွဲ

ခရီးသွား မိုးတိမ်တစ်ခုက

တံခါးပေါက် နားမှာရပ်လို့

ဘာတွေရှိမလဲ ချောင်း ကြည့်နေတယ်

အခန်းထဲမှာ

ဓားထက်ထက် တစ်ချောင်းနဲ့

မှားလက်စတွေ ပြည့်နက်

ဒဏ်ရာတွေကို ချိတ်ဆွဲထားတယ်

စိတ်ထည့် ကူးခတ်ရင်းနဲ့

အမောဆို့ နစ်မြုပ်သွားတဲ့

ပင်လယ်တစ်ခုလည်း ရှိလို့နေတယ်

အခန်းထဲမှာ

ပိုးစားပဲ့ကြွေသွားတဲ့

နှစ်ချို့ ပြက္ခဒိန် အဟောင်းရယ်

ဘာသာပြန်ရင် ရှုပ်ထွေးသွားမယ်

မီးတောင်သေ ကြီးတစ်ခုလို

အားလုံးကို လျှို့ဝှက်ထားတယ်

အခန်းထဲမှာ

တူ တူ တူ တူး တူ တူ တူး တူး တူ

ဟေ့ ဟေ့

တူ တူ တူ တူး တူ တူ

တူ တူ တူ တူး တူ တူ တူး တူး တူ

အားဟာ ဟာ ဟားတူ တူ

ဟေး ဟေး ရေး

အခန်းထဲမှာ

Thanks all!

Nhiều Hơn Từ ဝေလ

Xem tất cảlogo