menu-iconlogo
huatong
huatong
avatar

ရွှေတံငါ

ပြည်လှဖေhuatong
📲♌️👉🕊ရဲနိုင်🕊huatong
Lời Bài Hát
Bản Ghi
ဒေါင်းစကြာ မင်းရယ်

ဖန်ဝါ နောက်ကျွန်း ယွန်းချိန်မယ်

တောင်ညို တောင်တန်း မှိုင်းလို့ရယ်

ဂယက် တွေဖွေးလို့ရယ်

သဲကမ်းသောင် ကျွန်းဆွယ်

နေခြည် ပက်ဖျန်း လွမ်းချင်ဖွယ်

နာဝါ လှေကလေးစီးလို့ကွယ်

အသက်ကို မွေးကြတယ်

ရေပြင်ကျယ် မြစ်ကမ်းရိုး တစ်လျှောက်မှာ

ကွန်ရွက်ဖြန့်ကာ ဝမ်းစာရှာနေကြတယ်

သဲကမ်းသောင် ကျွန်းဆွယ်

နေခြည် ပက်ဖျန်း လွမ်းချင်ဖွယ်

နာဝါ လှေကလေးစီးလို့ကွယ်

ကွန်ပက်ရှာတယ်

အို လှေကလေးမျှာကာရယ်

အသက်ကိုမွေးကြတယ်

တူနှစ်ကို လျောင်းမွေ့ကြကာရယ်

ဆောင်းငွေ့က ကြွယ်ကြွယ်

လောင်းကလေးနဲ့ကွယ်

ရာသီတွေရယ် ကုန်ခမ်းတော့ကွယ်

ခင်ရယ်...

အားလပ်တဲ့ အချိန်ခါမယ်

တူနှစ်ကို လျောင်းမွေ့ကြကာရယ်

ဆောင်းငွေ့က ကြွယ်ကြွယ်

လောင်းကလေးနဲ့ကွယ်

မျောလို့ နေကာရယ်

မိုးကိုလဲကရုမစိုက်တယ်

မျောလို့ နေကာရယ်

ဆောင်းကိုလဲကရုမစိုက်တယ်

ဧရာစုံဝယ် နွှဲကြ အသွယ်သွယ်

မောင့်သက်လယ် သွားမယ်

ငါးမျှားဖို့ ကွယ်

music

ငွေစန္ဒာရောင်ရယ်

တိမ်မိလ္လာကြားဝယ်

ထွက်ပေါ်လားဆဲမယ်

ရွှေတံငါရေလည်ပြင်မှာကွယ်

လှေငယ်ဆင်ကာရယ်

အို ပိုက်ကွန်များ ကို အနားပေးကာ

ပျော်ပျော်နေချင်တုန်းမယ်

ခင်ခင်လေးပြုံးရယ်

လသော်တာဝန်းနှယ်

တွေ့မိတယ်

အချစ်ရယ်

အတူနွှဲဖို့ဖြင့်မောင်တွေးမိတော့တယ်

ခင်ခင်ရယ် အစဉ်ကွယ်

မောင်လေ တွေးမိတွေးရာ

တွေးမိပါတယ်

တူနှစ်ကို လျောင်းမွေ့ကြကာရယ်

ဆောင်းငွေ့က ကြွယ်ကြွယ်

လောင်းကလေးနဲ့ကွယ်

ရာသီတွေရယ် ကုန်ခမ်းတော့ကွယ်

ခင်ရယ်...

အားလပ်တဲ့ အချိန်ခါမယ်

တူနှစ်ကို လျောင်းမွေ့ကြကာရယ်

ဆောင်းငွေ့က ကြွယ်ကြွယ်

လောင်းကလေးနဲ့ကွယ်

မျောလို့ နေကာရယ်

မိုးကိုလဲကရုမစိုက်တယ်

မျောလို့ နေကာရယ်

ဆောင်းကိုလဲကရုမစိုက်တယ်

ဧရာစုံဝယ် နွှဲကြ အသွယ်သွယ်

မောင့်သက်လယ် သွားမယ်

ငါးမျှားဖို့ ကွယ်

ကျေးဇူးတင်ပါတယ်

ရဲနိုင်

Nhiều Hơn Từ ပြည်လှဖေ

Xem tất cảlogo