ကြင်ကြင်နာနာ ရင်မှာထွေး
ကလေးလို့ရယ် ခေါ်လိုက်မယ်
ခေါ် ခေါ် ခေါ် ခေါ်
ကိုကြီး သဘောကျ နော်
လပြည့် ဝန်းသို့နှယ်
ကြည်လင်အေးမြ ချစ်စရာ့ကွယ်
သိပ်ချစ်ပါတယ် ကိုကြီးရယ်
ရင်မှာ တအားပဲ ချစ်မိတယ်
အပြစ် ကင်းစင်လှတဲ့ အရွယ်
ပျိုစင်ရွယ်လူး ဖူးစအရွယ်
သပ်သပ်ရပ်ရပ် လေးနဲ့ကွယ်
တို့ကိုကိုက ခန့်ညားတယ်
ကလေးဆန်လွန်းတာ သဘောကျတယ်
ပွင့်လင်းတာကို ချစ်ပါတယ်
ကလေးဆိုတာ စိတ်ကောက်တတ်သမို့
မင်းကို ကိုကြီး ချော့ပါ့မယ်
ချွဲမှာပဲကွယ် ကိုကြီးရယ်
တီတီတာတာ နွဲ့လို့ရယ်
ကိုကြီးချော့တာ သဘောကျဖွယ်
အကြောင်းတွေရှာကာ စိတ်ကောက်မယ်
အလယ် လယ် လယ် ကလေးဆိုးလေးရယ်
မင်းလေးကလေ အရမ်းကိုလည်
အလိုလိုက်မှန်း သိလို့ရယ်
မင်းလေး ဆိုးပါတယ်
ကိုကြီးပြောတာ နားထောင်ကွယ်
ပြောမရရင်ကွယ် အချစ်တွေလျှော့ပစ်မယ်
စိတ်မဆိုးနဲ့ ကိုကြီးရယ်
ကိုကြီးချစ်တာ သိပါတယ်
သိရဲ့သားနဲ့ မဆိုးနဲ့ကွယ်
ကိုယ့် ကိုကြီးမို့ ကိုယ်ဆိုးတာပါဟယ်
ကြင်ကြင်နာနာ ရင်မှာထွေး
ကလေးလို့ရယ် ခေါ်လိုက်မယ်
ခေါ် ခေါ် ခေါ် ခေါ်
ကိုကြီး သဘောကျ နော်
လပြည့် ဝန်းသို့နှယ်
ကြည်လင်အေးမြ ချစ်စရာ့ကွယ်
သိပ်ချစ်ပါတယ် ကိုကြီးရယ်
ရင်မှာ တအားပဲ ချစ်မိတယ်
အပြစ် ကင်းစင်လှတဲ့ အရွယ်
ပျိုစင်ရွယ်လူး ဖူးစအရွယ်
သပ်သပ်ရပ်ရပ် လေးနဲ့ကွယ်
တို့ကိုကိုက ခန့်ညားတယ်
ကလေးဆန်လွန်းတာ သဘောကျတယ်
ပွင့်လင်းတာကို ချစ်ပါတယ်
ကလေးဆိုတာ စိတ်ကောက်တတ်သမို့
မင်းကို ကိုကြီး ချော့ပါ့မယ်
ချွဲမှာပဲကွယ် ကိုကြီးရယ်
တီတီတာတာ နွဲ့လို့ရယ်
ကိုကြီးချော့တာ သဘောကျဖွယ်
အကြောင်းတွေရှာကာ စိတ်ကောက်မယ်
အလယ် လယ် လယ် ကလေးဆိုးလေးရယ်
မင်းလေးကလေ အရမ်းကိုလည်
အလိုလိုက်မှန်း သိလို့ရယ်
မင်းလေး ဆိုးပါတယ်
ကိုကြီးပြောတာ နားထောင်ကွယ်
ပြောမရရင်ကွယ် အချစ်တွေလျှော့ပစ်မယ်
စိတ်မဆိုးနဲ့ ကိုကြီးရယ်
ကိုကြီးချစ်တာ သိပါတယ်
သိရဲ့သားနဲ့ မဆိုးနဲ့ကွယ်
ကိုယ့် ကိုကြီးမို့ ကိုယ်ဆိုးတာပါဟယ်