menu-iconlogo
huatong
huatong
avatar

အနုပညာပန်းတိုင်

ဖြိုးကြီး/စိုးမြတ်နန္ဒာhuatong
pandy14uhuatong
Lời Bài Hát
Bản Ghi
သီချင်းလေးတွေကို အတူတူဆိုရအောင်

မေ့ရဲ့မောင်ရယ် သံပြိုင်ဆိုကြမယ်

သံစဉ်တွေကိုပေါင်းစုလို့

သီဆိုမယ်ဆို တေးသွားဖြစ်အောင်

မောင်ကိုယ်တိုင်

သီကုံး ပေးပါ့မယ်

နှစ်လုံးသားရင်မှာ

ကြင်နာမှုများရယ်

လှပတဲ့ကမ္ဘာလေး

တစ်ခုဖြစ်ရအောင်

မေရယ်တူတူတွဲလျှောက်လို့

ထာဝစဉ်တွယ်တာပြုစုရင်းနဲ့

ယုံယုံကြည်ကြည်

ဆက်လျှောက်ကြမယ်

နှလုံးသားတို့ရဲ့နားစက်ရာ

အေးချမ်းရာ အေးရိပ်ဟာအနုပညာပါ

ဆက်ရမယ်ခရီးဆုံးမှတ်တိုင် အနုပညာ

ပန်းတိုင်ဆီမောင်မယ်

တူစုံလှမ်းရင်းဆက်ကြမယ်

ပန်းကလေးတွေရယ် စီရီပွင့်ဖူးလို့

ကျေးငှက်လေးတွေ ကျူးရင့်တဲ့အရပ်ဆီ

လှမ်းကြည့်လိုက်ကွယ့် တွေ့ရလိမ့်မယ်

မြင်နိုင်တယ်လေ တို့ရဲ့ပန်းတိုင်

ပျော်ပျော်ရွှင်ရွှင်သွားစို့ရောက်လုပီ

အားကိုးမိတယ် ရင်မှာမျှော်လင့်လို့

ချစ်မိခဲ့သူ တို့နှစ်ယောက်ဘဝလမ်းမှာ

ပူပင်စရာတွေထားရစ်ခဲ့ကွယ်

ရင်မှာအကြင်နာ အမြဲတမ်းချစ်မယ်

မေရယ်မောင်ရယ်လှမ်းရင်းဆက်ကြမယ်

နှလုံးသားတို့ရဲ့နားစက်ရာ

အေးချမ်းရာ အေးရိပ်ဟာအနုပညာပါ

ဆက်ရမယ်ခရီးဆုံးမှတ်တိုင် အနုပညာ

ပန်းတိုင်ဆီမောင်မယ်

တူစုံလှမ်းရင်းဆက်ကြမယ်

မောင်ရယ်မေရယ်လှမ်းရင်း ဆက်ကြမယ်

တူစုံမောင်မယ် လှမ်းရင်း ဆက်ကြမယ်

မောင်ရယ်မေရယ် လှမ်းရင်း ဆက်ကြမယ်

တူစုံမောင်မယ် လှမ်းရင်း ဆက်ကြမယ်

မေရယ်မောင်ရယ် လှမ်းရင်း ဆက်ကြမယ်

Nhiều Hơn Từ ဖြိုးကြီး/စိုးမြတ်နန္ဒာ

Xem tất cảlogo