menu-iconlogo
huatong
huatong
avatar

သေမလိုပဲ

Adjustorhuatong
ကိုကို🎶💒🥇༺ᵏ𝐋𝕔༻🥇huatong
Lời Bài Hát
Bản Ghi
သေမလိုပဲ

တေးဆို/ Adjustor

======================

ဟောင်းနွမ်းသွားတဲ့

မင်းရဲ့ဓာတ်ပုံလေးက

ကိုယ့်ပိုက်ဆံအိတ်ထဲ အရင်လိုပါ

အေးမြတဲ့မင်းရဲ့မျက်နှာလေး

တွေးမိတဲ့အခါ

ခဏလောက် တွေ့ချင်လိုက်တာ

ခြောက်သွေ့တိတ်ဆိတ်လွန်းတဲ့

ကိုယ့်ရဲ့နေ့ရက်များမှာ

အမှန်တကယ်

အတိတ်မေ့သွားရင်ကောင်းမှာ

နားလည်မှုတွေနဲ့

တို့တည်ဆောက်ထားတဲ့ ဘဝဟာ

အချိန်ရယ်တိုတောင်းလွန်းလိုက်တာ

ညင်သာစွာပြုံးပြတတ်တဲ့

နှုတ်ခမ်းပါးက

အမုန်းစကားဆိုတဲ့အခါ

ခုံမင်စွာ ဖမ်းဆုပ်ခဲ့တဲ့

လက်ဖဝါးလေးနဲ့

တွန်းဖယ်ထွက်ပြေးသွား

တနေ့နေ့တော့

မေ့နိုင်မယ် ထင်ခဲ့တာ

ရာသီစက်ဝိုင်းတွေ အဆုံးသတ်မှာ

ဒီနေ့မနက်ကော ဖြစ်နိုင်မလား

ရင်ဘက်ထဲက ငြင်းမြဲပါ

ဒီလိုသာလုံးပါးပါးရင်း

သံသရာလည်

ရစ်ပတ်တဲ့ ကြိုးလေးတွေကိုချစ်မိနေ

ကိုယ့်အနာဂတ်ဟာ

အဓိပ္ပာယ်မရှိတာ မင်းပဲအသိဆုံးပါ

ကိုယ့်အသက်ရဲ့ မှီတည်ရာ

မင်းအပြုံးလို့ ဖြေဆိုမယ်

ဘယ်လွယ်ပါ့မလဲ အသဲလေးရယ်

သေမလိုပဲ သိရဲ့လားကွယ်

နောင်ဘဝများ ရှိခဲ့ပါရင်ကွယ်

မင်းအနားအမြဲနေလိုတယ်

ဘယ်လွယ်ပါ့မလဲ အသဲလေးရယ်

သေမလိုပဲ သိရဲ့သားနဲ့

မင်းရဲ့အချစ်ကို

အလေးထားပြီး ကိုးကွယ်

အရာရာကို ငါစွန့်ပယ်ခဲ့

အဆုံးသတ်ရွေးချယ်မှု

ငါမဖြစ်ခဲ့တော့

ဘယ်အရာကို ငါဖက်တွယ်မလဲ

မြက်ခင်းစိမ်းလေးဟာ

မင်းနင်းလျှောက်ဖို့အတွက်ကို

သီးသန့်ဖြစ်တည်ခဲ့တာ

နှင်းစက်လေးများ စိုနေတဲ့

အို သစ်ရွက်လေးများဟာ

နင်မရှိတော့တဲ့ နေ့တွေမှာ

အလိုလိုညှိုးနွမ်းခြောက်သွေ့သွား

ကွဲအက်ကြေမွခဲ့ စိတ်ဒဏ်ရာ

ငါ့အခန်းတံခါးလေး ပိတ်ထားမှာ

ရင်ခွင်ထဲတိုးဝှေ့ခဲ့တဲ့

မင်းမျက်ဝန်းရဲ့ အရိပ်

နာကျင်ဆဲ နှလုံးသားအတွက်တော့

ဖြေဆေးမရှိတဲ့အဆိပ်

အိပ်စက်ခွင့်ပေးပါ

ဒီဆောင်းညတွေမှာ

အမှောင်ဆုံးနေ့ရက်များ လွန်တဲ့အခါ

ဒို့နှစ်ယောက်တွေ့နိုင်မလား...

=====================

ကိုယ့်အသက်ရဲ့ မှီတည်ရာ

မင်းအပြုံးလို့ ဖြေဆိုမယ်

ဘယ်လွယ်ပါ့မလဲ အသဲလေးရယ်

သေမလိုပဲ သိရဲ့လားကွယ်

နောင်ဘဝများ ရှိခဲ့ပါရင်ကွယ်

မင်းအနားအမြဲနေလိုတယ်

ဘယ်လွယ်ပါ့မလဲ အသဲလေးရယ်

သေမလိုပဲ သိရဲ့လား..........

ဟူ ဟူး.............

=====================

နန်းလေး(KLC)မှ ခံစားတင်ပြသည်။

Nhiều Hơn Từ Adjustor

Xem tất cảlogo