menu-iconlogo
huatong
huatong
avatar

စန္ဒကူးအလွမ်း

ဗညားဟန်huatong
mishymo1977huatong
Lời Bài Hát
Bản Ghi
ရင်ထဲမှာနွေ အသည်းလွှာအပေါင်း

ချမ်းဆောင်းမြမြ တုန်ယင်ကာလေ

နလုံးသားမျက်ရည် မိုးသို့စွေခဲ့ပေ.....

ရင်ထဲမှာနွေ အသည်းလွှာအပေါင်း

ချမ်းဆောင်းမြမြ တုန်ယင်ကာလေ

နှလုံးသားမျက်ရည် မိုးသို့မစွေနဲ့လေ...

ဘယ်လိုပင် ဝေးကွာဝေးအောင်

ပြေးကာပြေးလို့ တို့မှာမဖြေနိုင်

အသည်းလေးခွေယိုင် နှလုံးသားတွေကမခိုင်...

ဘယ်လိုပင် ဝေးကွာဝေးအောင်

ပြေးကာမပြေးကွဲ့ မေ့အသည်းညှာပိုင်

အသည်းလေးတူပြိုင် သစ္စာပန္နက်ဖူးအခိုင်...

တွေ့စတုန်းက ကျနော့်ဘေးနားထိုင်

စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားမှာ

ဖူးမျှော်လို့မဝ ဆီမီးကမြိုင်...

တွေ့စတုန်းက မောင့်ဘေးနားထိုင်

စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားမှာ

ဖူးမျှော်လို့မဝ ဆီမီးကမြိုင်...

ပန်းတွေကလှိုင် ရနံ့တွေကကြိုင်..

ရနံ့တွေကကြိုင် ပန်းတွေကလှိုင်..

မြိုင်မြိုင်ဆိုင်ဆိုင်ပိုင်ပိုငိနိုင်

တို့နှစ်ဦးဘဝ စခဲ့သည်မှတိုင်...

စန္ဒကူးတောက ကြိုင်ကြိုင်လှိုင်လှိုင်

စိမ်းစိုမြမြ ကြည်နူးမဝနိုင်...

စန္ဒကူးတောက ကြိုင်ကြိုင်လှိုင်လှိုင်

စိမ်းစိုမြမြ ကြည်နူးမဝနိုင်...

မမောပါနိုင်...

မပန်းပါနိုင်...

တို့နှစ်ဦးစုံညီ မြင်းလှည်းလေးနဲ့

ငါးစာကျွေးခဲ့ တူတူပြိုင်ပြိုင်

မုန်းချောင်းရေအလျှင် ရစ်ခွေဆင်းသို့

တို့ချစ်ခြင်းက မပျက်ယွင်းခဲ့ပါနိုင်...

ခုများတော့လေ ဝေးကွာဝေး

တွေးကာတွေးလို့ ဖြေမဆည်ပါနိုင်...

တစ်ညတာ ဝေးရရုံးနဲ့

နှစ်ပေါင်းခုနှစ်ရာ ဆွေးရသည့်တိုင်တိုင်..

မုန္စလိန္ဒာကန်ရေအိုင်

မျှော်ငေးရင်းနဲ့ တစ်ယောက်တည်းငေးမှိုင်..

မဟာမြတ်မုနိတိုင် နဂါးရုံကန်ရေဖွေးမှာ

မင်းအလာကိုပဲ စောင့်စားယနေ့သာတိုင်...

စန္ဒကူးတောက ကြိုင်ကြိုင်လှိုင်လှိုင်

စိမ်းစိုမြမြ ကြည်နူးမဝနိုင်...

စန္ဒကူးတောက ကြိုင်ကြိုင်လှိုင်လှိုင်

စိမ်းစိုမြမြ ကြည်နူးမဝနိုင်...

မမောပါနိုင်...

မပန်းပါနိုင်...

တို့နှစ်ဦးစုံညီ မြင်းလှည်းလေးနဲ့

ငါးစာကျွေခဲ့ တူတူပြုင်ပြိုင်

မုန်းချောင်းရေအလျှင် ရစ်ခွေဆင်းသို့

တို့ချစ်ခြင်းက မပျက်ယွင်းခဲ့ပါနိုင်...

ခုများတော့လေ ဝေးကွာဝေး

တွေးကာတွေးလို့ ဖြေမဆည်ပါနိုင်...

တစ်ညတာ ဝေးရရုံနဲ့

နှစ်ပေါင်းခုနှစ်ရာ ဆွေးရသည့်တိုင်တိုင်..

မုန္စလိန္ဒာကန်ရေအိုင်

မျှော်ငေးရင်းနဲ့ တစ်ယောက်တည်းငေးမှိုင်..

မဟာမြတ်မုနိတိုင် နဂါးရုံကန်ရေဖွေးမှာ

မင်းအလာကိုပဲ စောင့်စားယနေ့သာတိုင်...

Nhiều Hơn Từ ဗညားဟန်

Xem tất cảlogo