" နွေအလွမ်း "
ဆို စိုးပိုင် ၊ မေရွက်ဝါ
INTRO
ဆောင်းနှင်းလေး ပြေးလို့
နွေဦးပေါက် ရာသီလာ
ရွက်ဝါတွေမြေမှာ ကြွေပြီး
ပန်းကံ့ကော် ပင်ပျိုထက် နား
ဥသြဌက်တွန်သံ အကြား
လွမ်းသော အဆွေးစိတ်တွေ
ရင်ထဲထိ ခိုတွယ်လာ ...
စာသင်ကျောင်းက အချစ်ဆုံးရေ
အိမ်ပြန်ချိန်မှာ မပျော်ဘူးလေ
တစ်နယ်စီ ဝေးတဲ့အခါ
မမုန်းနဲ့ ရပ်ဝေးသူရေ ... ...
ဟာဟား ဟာ ဟားဟာဟား ...
သတိရရဲ့လား ...
မေ့မနေနဲ့နော် ကဗျာတွေ စာတွေ
မှန်မှန်သာ ရေး
ချစ်လွမ်းတဲ့ ဝေဒနာလေး
နှလုံးသားလေး ကျွမ်းသွားလို့
ရစ်ဝဲလို့ နေတာ ...
အသည်းလေးများ ကွဲတော့မယ်သိလား
နွေကျောင်းပိတ် အိမ်မပြန်ချင်
မျက်ရည်တွေ သီသီဝေပြီး
နှုတ်ဆက်တာ မြင်ယောင်မိသေး
လွမ်းလို့ ငိုချင်လည်း
အားနည်းသော အတွေးကိုတင်းလို့
ချစ်သောက ဖြေသူပါ ...
ရင်မှာ သမုဒယတွေ တွေးနေ
ကြင်နာတာကို မမေ့ဘူးလေ
တစ်နယ်စီ ဝေးတဲ့အခါ
မမုန်းဖို့ လူကြုံပေးလိုက်ပါတယ်
ဟာဟား ဟာ ဟားဟာဟား ...
ချစ်အလွမ်းပြေ ဆေး ...
ဓါတ်ပုံနဲ့ ကဗျာရယ် စာရယ်
အစုံအလင်ပါတယ်
သူကျတော့ စာပြန်မရေး
စိမ်းကား ရက်တာလားလို့
ကိုယ်ချင်းလည်း မစာနာ
မေ့ပြီလား မောင်ရာ ... ...
ရင်မှာ သမုဒယတွေ တွေးနေ
ကြင်နာတာကို မမေ့ဘူးလေ
တစ်နယ်စီ ဝေးတဲ့အခါ
မမုန်းဖို့ လူကြုံပေးလိုက်ပါတယ်
ဟာဟား ဟာ ဟားဟာဟား ...
ချစ်အလွမ်းပြေ ဆေး
ဓါတ်ပုံနဲ့ ကဗျာရယ် စာရယ်
အစုံအလင်ပါတယ်
သူကျတော့ စာပြန်မရေး
စိမ်းကား ရက်တာလားလို့
ကိုယ်ချင်းလည်း မစာနာ
မေ့ပြီလား မောင်ရာ ...
စိမ်းကား ရက်တာလားလို့
ကိုယ်ချင်းလည်း မစာနာ
မေ့ပြီလား မောင်ရာ ... ...
END