နှင်းဝေတဲ့ဆောင်း
မေရေ..တကိုယ်ရေထဲကွယ်
ဆောင်းနှင်းဝေတဲ့ မနက်ခင်းဝယ်
လွမ်းတဲ့စိတ်တွေရယ် ပိုများတယ်
မေရေ..တကိုယ်ရေထဲကွယ်
မေရေ...တကိုယ်ရေထဲမို့
စွဲလမ်းစိတ်တွေ မပြေဘူးကွယ်
နှောင်းသွားရက်တွေကို နှမျောတယ်
ရှောင်သွေ..ဖယ်ကာ ပြေးရင်
ဆိုတဲ့..ဆိုတဲ့ အတွေးနဲ့
နှင်းဝေတဲ့ဆောင်းမှာ သိပ်လွမ်းတယ်
ကြာတာတွေရယ် များတယ်
ကြာတတ်တာတွေ မကြာစေဖို့ရယ်
မောင်လေ...ဆုတွေတောင်းမယ်
ရင်ဝယ်..မဆွေးချင်ဘူးကွယ်
နှင်းဝေတဲ့ဆောင်းမှာ ..သိပ်လွမ်းတယ်
မောင်လေ...ဆုတွေတောင်းမယ်
ရင်ဝယ်..မဆွေးချင်ဘူးကွယ်
နှင်းဝေတဲ့ဆောင်းမှာ ..
သိပ်လွမ်းတယ်