မှားတဲ့ဘက်မှာ
Group song
ရစ်-၀လုံးကလေးမှ
ဝိုင်းအောင်မရေးနိုင်ခင်
ရွှေလင်ဗန်းနဲ့ထမင်းဆီဆမ်းရယ်
သာ့-အမေဆိုပြလိုက်တော့
ရွှေသားအတိပြီးတဲ့
လင်းဗန်းကြီးပဲ မက်မောကာ
ငါဟာလောဘတက်လာတယ်
ÕoÕo~Ýîțț~Ĥțõãđ
ကူး-ပုခက်တွင်းမှအဆင်း
မြေကြီးပေါ်နင်းကာစ
ရွှေယုံလေးနဲ့ ရွှေကျားပုံရယ်
ထက်-အင်မတန်ကောက်ကျစ်တဲ့
ယုန်ဆိုးလေးကို
သိပ်ပြီးအားကျနေခဲ့တော့
ငါဟာကောက်ကျစ်တတ်လာတယ်
ရစ်-မျက်လုံးကတစ်ဖက်
ကန်းနေခဲ့ပါရက်နဲ့
ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ
ထက်-ငရက်မန်ကန်းကြီးအား
အရမ်းဂုဏ်ပြုမိတော့
တို့ကျောင်းက
သမိုင်းဆရာလေးတောင်
လူပေလေးလို့ ငါ့ကိုခေါ်
သာ့-ဘိုင်စကုပ်ကြည့်တော့
လူကြမ်း ကိုအံ့ကျော်ကို
အလွန်တရာနှစ်သက်တတ်ခဲ့တယ်
ကူး-ငါနံဘေးနားက
ချစ်သူလေးကတောင်
တဖြည်းဖြည်း ငါ့ကိုလန့်ကာ
ကြင်နာတတ်မယ့်
တစ်ယောက်ကိုရှာ
Gp- ဒီလိုနဲ့
ဆန့်ကျင်ဘက်အမြင်တွေကို
သုံးသပ်ရင်းလူတွေအပေါ်
ရစ်-ဘယ်သူက မှားပြီးမှန်တယ်လို့
ဆုံးဖြတ်ခက်လာတယ်
ကူး- အဆိုးနဲ့အကောင်း
တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
ထက်-ဒီအတွက်အကျိုးအမြတ်က
အများတစ်ကာ မေးငေါ့ကာ
အမြင်ကပ်လို့ မုန်းစရာဖြစ်ကာ
အရိုင်းအစိုင်းအဖြစ်မြင်လာ
Gp- ဒီလိုနဲ့
ဆန့်ကျင်ဘက်အမြင်တွေကို
သုံးသပ်ရင်းလူတွေအပေါ်
ရစ်-ဘယ်သူက မှားပြီးမှန်တယ်လို့
ဆုံးဖြတ်ခက်လာတယ်
သာ့-အဆိုးနဲ့အကောင်း
တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
ရစ်-ဒီအတွက်အကျိုးအမြတ်က
အများတစ်ကာမေးငေါ့ကာ
မြင်ကပ်လို့ မုန်းစရာဖြစ်ကာ
အရိုင်းအစိုင်းအဖြစ်မြင်လာ