menu-iconlogo
huatong
huatong
avatar

မိန်းမရေ

Hlwan Painghuatong
pjlaruehuatong
Lời Bài Hát
Bản Ghi
သီချင်း - မိန်းမရေ

တေးဆို - လွှမ်းပိုင်

ဟိုးးးးးးး ဘယ်နှစ်နာရီထိုးပီလဲ

အာ...မထနိုင်သေးဘူးကွာ

ငါဒီမှာ စောစောစီးစီး

ရုံးသွားဖို့အတွက် ငါကြိုးစား

အချိန်မှန်နိးတဲ့

ကျွန်တော့်ရဲ့ နိုးစက်လေးက

ကျွန်တော့်ကို နိုးတာ

ကိုယ်ရေ ထတော့ ထတော့

အိပ်ပုပ်မကြီးနဲ့ ဒီလိုမျိုးပါ

မနက်စာသူပြင်နေ ကျွန်တော့်ရဲ့

ချစ်စရာကြင်သူလေး

မထသေး အိပ်ရာထဲ လူးလှိမ့်နေ

ခဏလေး ဟန်ဆောင်ပီး အပျင်းကြီးနေ

မကြာဟေ့ သူလာပီတင်းမိလေ

အိပ်ရာထဲ လုံးပီးခွေတဲ့ ကျွန်တော့်အတွက်

အကြင်နာ အနမ်းလေးချွေ

မိန်းမရေ မိန်းမရေ

ယောကျာ်းရေ ယောကျာ်းရေ

မနက်စာစားဖို့အတွက်တော့

အဆင်သင့်ပြစ်ပီလေ ဖြစ်ပီလေ

မိန်းမရေ မိန်းမရေ

ယောကျာ်းရေ ယောကျာ်းရေ

ရုံးမှာစားဖို့ အိမ်ကကျော်တဲ့ ကြက်ဥမွှေ

မိန်းမရေ မိန်းမရေ

ယောကျာ်းရေ ယောကျာ်းရေ

ရုံးသွားဖို့ အတွက်

အဆင်သင့်ဖြစ်မလား အကျီီတွေ

မိန်းမရေ မိန်းမရေ

ယောကျာ်းရေ ယောကျာ်းရေ

ရုံးမသွားခင်

နှဖူးကိုအနမ်းလေးဖြေးဖြေးပေး .. မွ

လမ်းကိုသေချာ ဂရုစိုက်ကူးသွားနော်

အလုပ်ကို သေချာကြိုးစားနော်

အထက်လူကြီးတွေ စကားကိုကြည့်ရင်

မဟုတ်တာ မလုပ်နက် ရိုးသားနော်

ထမင်းကိုလည်း အချိန်မှန်ထုတ်စားနော်

ညနေကျမှ ကွမ်းဝါးနော်

Bus တွေစီးရင် လူကြပ်တွေမိရင်

ပိုက်ဆံကို သေချာထိုးထားနော်

ဟုတ်ပါပီ ချစ်ဇနီးမယားရယ်

မှာနေလိုက်တာ ငါသိပါတယ်

မောင့်ကို စိတ်ချ မှာတာအတိအကျ

လိုက်နာပါ့မယ် ဟုတ်ပီလား မိန်းမ

မင်းသာအဓိက အိမ်မှာရှိရာ

စိတ်ပူမနေနဲ့ ကြံဖန်ပီးမှ

လူစိမ်းတွေနဲ့ အလှူခံတွေဆို တံခါးကို

မဖွင့်နက်အိမ်ကို ခြုံအောင်ပိတ်ကွ

ညနေအိမ်ပြန်စောမယ်

စိတ်ချ သူငယ်ချင်းတွေနဲ့

အသောက်အစား မိန်းမ ဘောလုံးပွဲနဲ့

လောင်းကစား ကိစ္စ စိတ်မဝင်စားတာကို

မင်းလည်းသိကွ

အိမ်ပြန်ရောက်လို့ မင်းနဲ့ရှိမှ

အမောအပန်းတွေ

သီချင်းလေးငြီးပြ အိမ်သူသက်သား

ချစ်ဇနီးက ကျွန်တော့်ရဲ့အမာခံ

ပရိတ်သတ်ကြီးဗျ

ဂီတာကိုင်ကာ ထိုင်လို့ တီးကျတယ်

သူနဲ့ကိုယ်..သူနဲ့ကိုယ်

ဝါရံတာ ထိုင်ကာ ကြယ်များကြည့်ကြမယ်

သူနဲ့ကိုယ် ... သူနဲ့ကိုယ်

သူကြိုက်သောသီချင်းများကို

ငါတီးကာမဆိုနိုင်ပါ

ဒါပေမယ့်လဲ လက်ခုပ်တီးလို့

ပြောတယ် တော်လိုက်တာ

ဒီလိုချစ်ဖို့ကောင်းတဲ့

မင်းလေးအတွက်ဆို ဆိုချင်တာ

သူကြိုက်တဲ့ WestLife နဲ့ Bobel ကpa pa pa

မိန်းမရေ မိန်းမရေ

ယောကျာ်းရေ ယောကျာ်းရေ

ဆယ့်နှစ်နာရီတောင်မှ ထိုးလို့်အိ်ပ်မယ်လေ

မိန်းမရေ မိန်းမရေ

ယောကျာ်းရေ ယောကျာ်းရေ

အခန်းထဲမီးလေးပိတ်လို့

တို့နှစ်ယောက်အိပ်စို့လေ

Nhiều Hơn Từ Hlwan Paing

Xem tất cảlogo
မိန်းမရေ của Hlwan Paing - Lời bài hát & Các bản Cover