သီချင်း - ဆယ်လီ ဆယ်လီ (Cele Cele)
တေးဆို - ထူးအယ်လင်း
ကမ္ဘာမြေအနှံ့ကိုဖြန့်ကျက် google ကနေ
အင်တာနက်ကိုချိတ်ဆက် facebookထဲအရာရာကိုတွေ့
မိဘတွေရှေ့မှာ သိုးငယ်လေး
တစ်ယောက်တည်းကျတော့ selfie ဆွဲနေ
ရိုးသားတဲ့ စိတ်ဓါတ်တွေ တငွေ့ငွေ့ပျောက်ဆုံးနေ
ဆင်ခြင်ခြင်းမှာအားနည်း အတွေးအခေါ်မှားတွေ
Cele ဖြစ်ချင်စိတ်အတွက် လွှတ်ချလိုက်ပြီ
အရှက်တရားတွေ နည်းစနစ်တို့က သုံးတတ်ရင်ဆေး
မသုံးတတ်ခဲ့ရင် အန္တရာယ်ဘေးအပြည့်
စိတ်ဓါတ်စည်းကမ်းတွေ လမ်းဘေးရောက်သွားခဲ့
ကမ္ဘာကြီးထဲ နည်းပညာမုဆိုးများ သားကောင်ကိုရှာဖွေ
သတိထားလေ အရေးကြီးတဲ့ မင်းဘဝလေး
မတန်ပါဘူး မရင်းပါနဲ့
တောက်ပတဲ့မင်းအနာဂါတ်လေး စုတ်ပြတ်သွားမယ်
ရိုးရိုးကျင့်လို့ မြင့်မြင့်ကြံဟေး Cele Cele

အားလုံးပဲသတိတော့ထား မင်းဘဝနဲ့ရင်းမှာလား
အားလုံးပဲသတိတော့ထား မင်းဘဝနဲ့ရင်းမှာလား
နည်းပညာရဲ့ ဖောက်ခွဲသမျှ လူငယ်များ
အသိဉာဏ်တွေက ပေါက်ကွဲမလား
အားလုံးပဲ သတိတော့ထား
ကမ္ဘာကြီးထဲ နည်းပညာမုဆိုးများ သားကောင်ကိုရှာဖွေ
သတိထားလေ အရေးကြီးတဲ့ မင်းဘဝလေး
မတန်ပါဘူး မရင်းပါနဲ့
တောက်ပတဲ့မင်းအနာဂါတ်လေး စုတ်ပြတ်သွားမယ်
ရိုးရိုးကျင့်လို့ မြင့်မြင့်ကြံဟေး
ကမ္ဘာကြီးထဲ နည်းပညာမုဆိုးများ သားကောင်ကိုရှာဖွေ
သတိထားလေ အရေးကြီးတဲ့ မင်းဘဝလေး
မတန်ပါဘူး မရင်းပါနဲ့
တောက်ပတဲ့မင်းအနာဂါတ်လေး စုတ်ပြတ်သွားမယ်
ရိုးရိုးကျင့်လို့ မြင့်မြင့်ကြံဟေး Cele Cele
Yo! Cele Cele
Oh! Cele Cele