menu-iconlogo
huatong
huatong
avatar

ဒီလိုပဲ

Idiotshuatong
prittygirl_17huatong
Lời Bài Hát
Bản Ghi
သီချင်း - ဒီလိုပဲ

တေးဆို - Idiots

တစ်ခါတစ်လေ ဘဝက

အားတက်နေရောင်အဆင်းအလား

တစ်ခါတစ်လေတော့ ဘဝဟာ

ခုံမင်နှစ်သက် လွမ်းမောစရာ

တစ်ခါတစ်လေ ဘဝမှာ

အားတက်စရာ အခွင့်အလမ်းများ

တစ်ခါတစ်လေ လမ်းတစ်ဝက်မှာ

အရာရာလွှတ်ချ အရှုံးပေးဖို့စဉ်းစား

သေချာဖမ်းဆုပ်မရတာတရား

ဒီလိုနဲ့အနိမ့်အမြင့်နဲ့ နေဝင်ခဲ့ မိုးသောက်တယ်

လှုပ်ရှားရုန်းကန် တစ်ရက်ပြီးတစ်ရက်

မှန်အောင်လုပ် ကြိုးစားရင်း

တစ်ခါထပ်ပြီး မှားတော့လဲ

သိပ်ပြီးစွဲလို့မထားတော့ပဲ

ဒီလိုပဲအတက်အကျနဲ့ သာယာခဲ့

စက်ဆုပ်တယ်

တကယ်တော့ဘဝဟာ အခွံသက်သက်

ငါစားသုံးခဲ့ နှစ်လရက်….

တစ်ခါတစ်လေဘဝမှာ

ဖြုန်းတီးစရာ အချိန်အများအပြား

တစ်ခါတစ်လေ

ပခုံးထက်မှာ တာဝန်များနဲ့ နွမ်းလျစွာ

ပျော်ရလဲခဏ ဝမ်းနည်းနေရလဲခဏ

ဒါဆိုအဆင်မပြေတဲ့ခဏမှာ

သင်နာကျည်းပြီးအရှုံးပေးဖို့ကြံမလား

ပြန်လည်ရုန်းထရှေ့ဆက်မလား

ဒီလိုနဲ့အနိမ့်အမြင့်နဲ့ နေဝင်ခဲ့ မိုးသောက်တယ်

လှုပ်ရှားရုန်းကန် တစ်ရက်ပြီးတစ်ရက်

မှန်အောင်လုပ် ကြိုးစားရင်း

တစ်ခါထပ်ပြီး မှားတော့လဲ

သိပ်ပြီးစွဲလို့မထားတော့ပဲ

ဒီလိုပဲအတက်အကျနဲ့ သာယာခဲ့

စက်ဆုပ်တယ်

တကယ်တော့ဘဝဟာ

အခွံသက်သက်

ငါစားသုံးခဲ့ နှစ်လရက်

တကယ်တော့ဘဝဟာ

အခွံသက်သက်

မတွယ်ငြိနဲ့ကွာ မင်းထားခဲ့

ဘယ်သူမှမသိပါ သေမယ့်ရက်

လွင့်မြောလိုက်ပါ မစဉ်းစားနဲ့

တကယ်တော့ဘဝဟာ အခွံသက်သက်

မတွယ်ငြိနဲ့ကွာ မင်းထားခဲ့

ဘယ်သူမှမသိပါ သေမယ့်ရက်

လွင့်မြောလိုက်ပါ မစဉ်းစားနဲ့

ဒီလိုနဲ့အနိမ့်အမြင့်နဲ့ နေဝင်ခဲ့ မိုးသောက်တယ်

လှုပ်ရားရုန်းကန် တစ်ရက်ပြီးတစ်ရက်

မှန်အောင်လုပ် ကြိုးစားရင်း

တစ်ခါထပ်ပြီး မှားတော့လဲ သိပ်ပြီးစွဲလို့မထားတော့ပဲ

ဒီလိုပဲအတက်အကျနဲ့ သာယာခဲ့

စက်ဆုပ်တယ်

တကယ်တော့ဘဝဟာ

အခွံသက်သက်

လွင့်မြောလိုက်ပေါ့ နှစ်လရက်

Nhiều Hơn Từ Idiots

Xem tất cảlogo