ချစ်သူသူရဲကောင်း
Lခွန်းရီ
0း 15
မေလိုချင်ရင် မြင့်မိုရ်တောင်ကို
အမှတ်တရ ပေးမလို့တဲ့
ဓူဝံကြယ်ကို လှမ်းဆွတ်ချူကာ
ခူးလို့ ပေးမတဲ့လား
ပင်လယ်ရေကို ဆေးမှင်ဖျော်ကာ
စာစီ ချင်သူရေ
မိုးသားထက် တက်မလား
မေသွားချင်ရင် လမ်းခင်းပေးမတဲ့ကွယ်
ဟေး အကြင်နာဆုံးရေ
အကြင်နာဆုံးက ချစ်သူသူရဲကောင်း
စေတနာတရားနဲ့ အကြင်နာတရားနဲ့
ချစ်သူ စွမ်းဆောင်တယ်
ကြင်နာသူလိုရင် စင်္ကြာဝဠာကို
ခေါင်းအုံး လုပ်ပေးမတဲ့
သာယာစွာ ထာဝစဉ်လှပတဲ့
အချိန်များကို ဖန်ဆင်းမယ်
မေလိုချင်ရင် ညအမှောင်ဆိုတာကို
ဖြူစင် စေမယ်တဲ့
မင်းလေးက စေခိုင်းလာရင်
တစ်မိုးလုံး ထမ်းပြီးထားမလို့တဲ့
ဟေး အကြင်နာဆုံးရဲ့
အကြင်နာဆုံးက ချစ်သူသူရဲကောင်း
စေတနာတရားနဲ့ အကြင်နာတရားနဲ့
ချစ်သူ စွမ်းဆောင်တယ်
အမှောင်မှာသာတဲ့ လရောင်ခြည်ကို
ဖမ်းယူ ပေးမလို့တဲ့
နေရောင်တွေ ကမ္ဘာမှာလုံးဝမပူအောင်
အမိုးလုပ် ပေးမတဲ့လား
ဒီကမ္ဘာမြေကို ချမ်းသာစွာလေ
ထာဝစဉ် မြင်လိုသလား
ရဲရင့်တဲ့ အချစ်စကားလေးများ
ဘာများ အစွမ်းပြရမလဲတဲ့
ဟေး အကြင်နာဆုံးရဲ့
အကြင်နာဆုံးက ချစ်သူသူရဲကောင်း
စေတနာများနဲ့ အကြင်နာတရားနဲ့
ချစ်သူ စွမ်းဆောင်တယ်
မေလိုချင်ရင် မြင့်မိုရ်တောင်ကို
အမှတ်တရ ပေးမလို့တဲ့
ဓူဝံကြယ်ကို လှမ်းဆွတ်ချူကာ
ခူးလို့ ပေးမတဲ့လား
ပင်လယ်ရေကို ဆေးမှင်ဖျော်ကာ
စာစီ ချင်သူရေ
မိုးသားထက် တက်မလား
မေသွားချင်ရင် လမ်းခင်းပေးမတဲ့ကွယ်
ဟေး အကြင်နာဆုံးရေ
အကြင်နာဆုံးက ချစ်သူသူရဲကောင်း
စေတနာတရားနဲ့ အကြင်နာတရားနဲ့
ချစ်သူ စွမ်းဆောင်တယ်
အမှောင်မှာသာတဲ့ လရောင်ခြည်ကို
ဖမ်းယူ ပေးမလို့တဲ့
နေရောင်တွေ ကမ္ဘာမှာလုံးဝမပူအောင်
အမိုးလုပ် ပေးမတဲ့လား
ဒီကမ္ဘာမြေကို ချမ်းသာစွာလေ
ထာဝစဉ် မြင်လိုသလား
ရဲရင့်တဲ့ အချစ်စကားလေးများ
ဘာများ အစွမ်းပြရမလဲတဲ့
ဟေး အကြင်နာဆုံးရဲ့
အကြင်နာဆုံးက ချစ်သူသူရဲကောင်း
စေတနာများနဲ့ အကြင်နာတရားနဲ့
ချစ်သူ စွမ်းဆောင်တယ်
အကြင်နာဆုံးရဲ့ ချစ်သူသူရဲကောင်း
အကြင်နာဆုံးရဲ့ ချစ်သူသူရဲကောင်း
အကြင်..နာ..တွေ..ပို..တယ်
By AyeKyaw greentiger