menu-iconlogo
huatong
huatong
avatar

တောင်ဇလပ်ပင်အောက်က သဇင်ချစ်သူ

L လွန်းဝါhuatong
AyeKyaw(အူအူး)huatong
Lời Bài Hát
Bản Ghi
တောင်ဇလပ်ပင်အောက်က သဇင်ချစ်သူ

L လွန်းဝါ

Introး

Uploder Aye Kyaw

တောင်ပေါ်မှာ ဝေနေတဲ့......

တောင်ဇလပ်ပန်းလေးရှိပါရက်နဲ့

ဘယ့်အတွက်ကြောင့်

မြေပြန့်ပန်းကို ချူ နမ်းလို့ သွားတာလဲ...

နံ့သာအနံ့

မကြွယ်လေတော့.....

တောင်ဇလပ်ပန်းလေး မျက်နှာငယ်

ယုယစွာ ပန်ဆင်မယ့်သူ

ရှောင်ပြေးလို့ သွားလေတယ်.....

တောင်ပေါ်သူ ပန်ဆင်ဖို့ ရာ

အပင်ဖျား မှာ ပွင့်ပေးခဲ့တယ်..

လှမ်းကာ မချူ ငင် လိုလည်း

သစ္စာထားနေဆဲပါ အသစ်မရှာပါ........

တော်ဝင်တဲ့ သဇင်လိုတော့

ထည်ဝါမှုမျိုး မရှိသော်လည်းပဲ.....

လောကကို သူပွင့်လန်းရာ

တောင်တန်းက အလှဆင်မယ်.....

သဇင်ကို မှ ပန်ချင်လည်းပဲ

တောင်ဇလပ်ပန်းတော့ မမေ့စေချင်....

ညှိုး နွမ်းကာ ကြွေကာ ကျတိုင်

တောင်တန်းက စောင့်နေမယ်......

တချိန်ချိန်မှာ တောင်ဇလပ်အောက်ကို

စိတ်ပြောင်းကာ ရောက်ရှိခဲ့ရင်

အလှတွေ.... ဝေဆာနေမယ့်

အပွင့်လှကလေး ခြွေပေးကာ.....

ဆီးကြိုမယ် .....

Music

တချိန်ချိန်မှာ တောင်ဇလပ်အောက်ကို

စိတ်ပြောင်းကာ ရောက်ရှိခဲ့ရင်

အလှတွေ.... ဝေဆာနေမယ့်

အပွင့်လှကလေး ခြွေပေးကာ.....

ဆီးကြိုမယ်

သစ္စာထားနေဆဲပါ အသစ်မရှာပါ........

အပွင့်လှကလေး ခြွေပေးကာ.....

ဆီးကြိုမယ်

By - Aye Kyaw - greentiger

Nhiều Hơn Từ L လွန်းဝါ

Xem tất cảlogo