menu-iconlogo
huatong
huatong
avatar

မင်းသနားမှ

Marrizahuatong
ohaffairshuatong
Lời Bài Hát
Bản Ghi
သီချင်း - မင်းသနားမှ

တေးဆို - မာရဇ္ဇ

ကိုယ်ရဲ့အသဲလေးထဲမင်းတစ်ယောက်သာ

စိုးမိုးလို့ပဲအမြဲတမ်းမင်းမူနေ

ချစ်သူရေ တကယ်ပဲ

တုပမရတဲ့အချစ်များနဲ့ချစ်ပါတယ်.

ပြောပြတဲ့ကိုယ့်ရဲ့စကားကြောင့်

မင်းရယ်တယ်

ချစ်သူရယ် မယုံလို့လား...

နှလုံးသားလေးခွဲကြည့်ပါကွယ်..

ချစ်ဆိပ်တက်တဲ့သွေးများတွေ့လိမ့်မယ်

တားဆီးထိန်းချုပ်မရနိုင်အောင်

စွဲစွဲလန်လန်း အရူးအမူးချစ်မိတယ်

ချစ်လေးရယ်

အို..မင်းသနားမှ ကိုယ့်ဘဝက

ချမ်းသာလှပရမှာပါ

လောကရဲ့အလှ မင်းနဲ့မှပြည့်စုံမှာ

ကိုယ့်ရဲ့အသက်ဝိဉာဉ်များက မင်းဆီမှာ

အပြီးပိုင်သာ ပုံအပ်ထား

တစ်မိုးသားအောက် မင်းတစ်ယောက်ထဲ

ချစ်ပါတယ်

ကိုယ့်ရဲ့အနာဂတ်အကောင်းအဆိုးများ

မင်းအပေါ်ရှိနေတာ ယုံရဲ့လား..

နှလုံးသားလေး မွန်းကျပ်နေတယ်

စွန့်လွှတ်ရမဲ့အကြောင်းများတွေးမိရင်

စိုးရွံ့ထိတ်လန့်တက်သူကို

အိပ်မက်ဆိုးများ အမြဲတမ်းနှိပ်စက်နေ

အချစ်လေးရေ

အို.. မင်းသနားမှ ကိုယ့်ဘဝက

ချမ်းသာ ငြိမ်းချမ်းရမှာပါ ..

နှလုံးသားလေးခွဲကြည့်ပါကွယ်..

ချစ်ဆိပ်တက်တဲ့သွေးများတွေ့လိမ့်မယ်

တားဆီးထိန်းချုပ်မရနိုင်အောင်

စွဲစွဲလန်လန်းအရူးအမူးချစ်မိတယ်

အချစ်လေးရယ်

အို.. မင်းသနားမှ ကိုယ့်ဘဝက

ချမ်းသာလှပရမှာပါ

လောကရဲ့အလှ မင်းနဲ့မှပြည့်စုံမှာ

ကိုယ့်ရဲ့အသက်ဝိဉာဉ်များက မင်းဆီမှာ

အပြီးပိုင်သာ ပုံအပ်ထား

တစ်မိုးသားအောက် မင်းတစ်ယောက်ထဲ

ချစ်ပါတယ်

ကိုယ့်ရဲ့အနာဂတ်အကောင်းအဆိုး

မင်းအပေါ်ရှိနေတာ ယုံရဲ့လား..

နှလုံးသားလေး မွန်းကျပ်နေတယ်

စွန့်လွှတ်ရမဲ့အကြောင်းများတွေးမိရင်

စိုးရွံ့ထိတ်လန့်တက်သူကို

အိပ်မက်ဆိုးများ အမြဲတမ်းနှိပ်စက်နေ

အချစ်လေးရေ

အို.. မင်းသနားမှ ကိုယ့်ဘဝက

ချမ်းသာငြိမ်းချမ်းရမှာပါ

အချစ်လေးရေ...

အို.. မင်းသနားမှ ကိုယ့်ဘဝ

ချမ်းသာလှပရမှာပါ

အို..... အချစ်လေးရေ

Nhiều Hơn Từ Marriza

Xem tất cảlogo