menu-iconlogo
huatong
huatong
avatar

အိပ်မက်ရဲ့သမီးပျို

Marrizahuatong
wiekewiekehuatong
Lời Bài Hát
Bản Ghi
သီချင်း - အိပ်မက်ရဲ့သမီးပျို

တေးဆို - မာရဇ္ဇ

ညစဉ်အမှောင်တွေမှာ သူရောက်လာ

နုပျိုခြင်းရဲ့ အချစ်တွေပေး

တိမ်တွေမှာ အမြင့်ဆုံး မင်းနဲ့ဝဲပျံသွား

ကောင်းကင်လေပြည်တွေကိုရှိုက်လို့

လွင့်ပါနေပြီ ငါ့အသွေးအသား

ကြယ်စင်တွေကို ငါဟာခူးခြွေသွား

အချစ်တွေညင်သာစွာ ပွင့်ဖူးပြီ

လရောင်များထဲ လင်းလက်ပြီး

ရင်ခုန်သံတွေ မောပန်းအသက်ဝင်သွား

အမြဲအတူဆုံချင်တာတွေ ငါပြောဖို့

တစ်ခါပြန် လှည့်ကြည့်မိစဉ်အခိုက်

နင်ဟာနှုတ်မဆက်ပဲနဲ့ ပျောက်ကွယ်သွား

အိပ်မက်ညတွေလား

အနမ်းတွေတိတ်တဆိတ်နဲ့ ယူလာပေးသူ

ညကိုရောင်စုံခြယ်သသူ

အိပ်မက်များထဲ ထားခဲ့လို့

အဝေးဆုံးပြေးထွက်ခဲ့

နင်ဟာနတ်သမီးလား

အနမ်းတွေတိတ်တဆိတ်နဲ့ ယူလာပေးသူ

ညကိုရောင်စုံခြယ်သသူ

ငါပြန်နိုးတဲ့အခိုက် ငါ့ရဲ့နံဘေးနားလည်း

နင်ဟာပျောက်ဆုံးပြီ ရူးပြီ...

အချစ်တွေညင်သာစွာ ပွင့်ဖူးပြီ

လရောင်များထဲ လင်းလက်ပြီး

ရင်ခုန်သံတွေ မောပန်းအသက်ဝင်သွား

အမြဲအတူဆုံချင်တာတွေ ကိုယ်ပြောဖို့

တစ်ခါပြန် လှည့်ကြည့်မိစဉ်အခိုက်

နင်ဟာနှုတ်မဆက်ပဲနဲ့ ပျောက်ကွယ်သွား

အိပ်မက်ညတွေလား

အနမ်းတွေတိတ်တဆိတ်နဲ့ ယူလာပေးသူ

ညကိုရောင်စုံခြယ်သသူ

အိပ်မက်များထဲ ထားခဲ့လို့

အဝေးဆုံးပြေးထွက်ခဲ့

နင်ဟာနတ်သမီးလား

အနမ်းတွေတိတ်တဆိတ်နဲ့ ယူလာပေးသူ

ညကိုရောင်စုံခြယ်သသူ

ငါပြန်နိုးတဲ့အခိုက် ငါ့ရဲ့နံဘေးနားလည်း

နင်ဟာပျောက်ဆုံးပြီ...

အနမ်းတွေတိတ်တဆိတ်နဲ့ ယူလာပေးသူ

ညကိုရောင်စုံခြယ်သသူ

အိပ်မက်များထဲ ထားခဲ့လို့

အဝေးဆုံးပြေးထွက်ခဲ့

နင်ဟာနတ်သမီးလား

အနမ်းတွေတိတ်တဆိတ်နဲ့ ယူလာပေးသူ

ညကိုရောင်စုံခြယ်သသူ

ငါပြန်နိုးတဲ့အခိုက် ငါ့ရဲ့နံဘေးနားလည်း

နင်ဟာပျောက်ဆုံးပြီ

ရူးပြီ .....

Nhiều Hơn Từ Marriza

Xem tất cảlogo